ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 4
Chapter 16 ( ကလန်က လူတွေ)
"ဂိုဏ်းတူ အကိုကြီးခင်ဗျာ... ကျွန်တော်တို့ရဲ့ ဆရာကြီး တည်ဆောက်ထားတဲ့ ၀င်္ဂဘာထဲမှာ ရန်သူတစ်ယောက် ပိတ်မိနေပါတယ်။ သူက ကလေးလေး အရွယ်လောက်ပဲ ရှိပါသေးတယ်။"
နံပါတ် ၇ ညီငယ်က ပြောလိုက်ပါတယ်။
"ဒါပေမဲ့ သူက အရမ်းကို အစွမ်းထက်ပါတယ်။ ဆရာ့ရဲ့ ၀ိဥာဉ် တိရိစ္ဆာန် အပ်မဲ ကိုလည်း သတ်လိုက်ပြီးတော့ ကျွန်တော်လည်း ကံကောင်းလို့ မသေပဲ လွတ်လာတာပါ။"၀တ်ရုံနက်နဲ့ လူက
"အိုး.. သူက ဒီလောက်တောင် စွမ်းသလား...""အရမ်းစွမ်းနေတာပါ။ သူက ကီကော ဖင်းဂေါ့ကျင့်စဉ်ကော ကျင့်ထားသူ ပါ။ ပြီးတော့ ဇင်တျန် အထွဋ်အထိပ်အဆင့်ကို ရောက်နေတဲ့ သူဆိုတော့ ဂိုဏ်းတူ အကိုကြီး ပဲ သူ့ကို ရင်ဆိုင်နိုင်မှာပါ။"
"ဂိုဏ်းတူ အကိုကြီး သာ နဂါးမူးယစ် ပညာကို သုံးလိုက်ရင် သူ ဘယ်လောက် ကြမ်းကြမ်း မေ့မျောသွားပြီးတော့ အဖမ်းခံရမှာ သေချာပါတယ်။ "အကုန်လုံးက ဂိုဏ်းတူ အကိုကြီး ကို ၀ိုင်းပြီး ချီးကျူး ကြပါတော့တယ်။
"ရန်သူတစ်ယောက်တည်းနဲ့ မင်းတို့က မရှူနိုင် မကယ်နိုင်ဖြစ်နေကြပါလား။ ဟင်း..ဆရာက အခု ရတနာကို ပြုလုပ်နေတဲ့အချိန်မို့ အလုပ်များနေပါတယ်ဆိုမှ... ကဲ မင်းတို့ဘာမှ မလုပ်နိုင်ရင် လည်း ဒီဖမ်းထားတဲ့ ဇင်တျန် တန်ခိုးရှင်တွေကို သွားပြီးတော့ နှိပ်စက်နေလိုက်ကြ... ဒါမှ ဆရာ ရတနာ ပြုလုပ်တာကို ကူညီရာရောက်မယ်..."
"ဟုတ်ကဲ့ပါ ဂိုဏ်းတူ အကိုကြီး"သူတို့တွေ သံပြိုင် နှုတ်ဆက်လိုက်ကြပြီးတော့ ပစ္စည်းမျိုးစုံ ကောက်ကိုင်ပြီး ဇင်တျန် တန်ခိုးရှင်တွေဆီ လျှောက်သွားပါတော့တယ်။
ဒီမှာ တခြားဒေသက ဖမ်းလာတဲ့ ဇင်တျန် တန်ခိုးရှင်က မပါသလောက်ပါပဲ။ ဒီချိုင့်ဝှမ်းဒေသကပဲ များပါတယ်။ တခြားဒေသက လူတွေက သေသွားတာ ကြာနေလောက်ပါပြီ။ မသေသေးတဲ့ သူတွေလည်း သေလုလု ဖြစ်နေပါပြီ။
YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...