Untitled Part 99

1.8K 201 0
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 5 (ဇီဖူ တန်ခိုးရှင်)

Chapter 25 ( ဇီဖူအဆင့် စတင်ခြင်း )

နင်လည်း စွမ်းအင်တွေကို အသက်ပြင်းပြင်း ရှူပြီးတော့စုပ်ယူလိုက်ပါတယ်။ သူ့ရဲ့ဇင်တျန်ကီ ကတဖြည်းဖြည်းနဲ့ များပြားလို့လာပါတယ်။

"ဘယ်လောက်တောင်မှ သန့်စင်လိုက်တဲ့ ဓာတ်စွမ်းအင်တွေလည်း။ အပြင်ကို ထွက်လာတဲ့ စွမ်းအင်တွေတောင်မှ ဒီလောက် သိပ်သည်းတာ အထဲမှာဆို ဘယ်လိုနေမလည်း မသိဘူး။"


"အခန်းထဲကို အလောတကြီး မ၀င်သွားနဲ့ဦး။ ငါ ပိုးကောင်တစ်ကောင်လွှတ်ပြီး ကြည့်လိုက်ဦးမယ်။"

မီးတောက်ကိုးခု ပြောလိုက်ပါတယ်။

မီးတောက်ကိုးခု ပါးစပ်ထဲကနေပြီး အနက်ရောင် နားကျယ်ကောင်တစ်ကောင် ပျံထွက်လာပြီး အခန်းထဲကို ၀င်သွားပါတော့တယ်။ အသက် ၁၀ခါ ရှူ အချိန်လောက် ကြာသွားတော့ ပိုးကောင်က ပြန်ရောက်လာပြိး မီးတောက်ကိုးခု ပါးစပ်ထဲ ပြန်ဝင်သွားပါတော့တယ်။


"ဘယ်လို နေလည်း..."

ကျန်တဲ့ လူတွေ လည်းမေးလိုက်တော့ မီးတောက်ကိုးခု က ရယ်မောပြီးပြန်ဖြေလိုက်ပါတယ်။
"ငါ စစ်ဆေးကြည့်ပြီးပြီ။ အထဲမှာ ဘာအန္တရာယ်မှ မရှိဘူး။ လာလာ ငါတို့ ၀င်ကြည့်ကြရအောင်။ မင်းတို့တတွေ အကုန်လုံး ငါ့နောက်ကို လိုက်ခဲ့ကြပါ။ ငါ ရှာမတွေ့ခဲ့တဲ့ ထောင်ချောက် တွေ့ခဲ့ရင်တောင်မှ ငါက ပထမဆုံးရင်ဆိုင်ရမှာ ဆိုတော့ ငါအရင် သေမှာပါ။ ဂျိနင် မင်းကတော့ နောက်ဆုံကနေပဲ လိုက်ခဲ့ရမယ်။"

"ဟုတ်တယ် .. ဂျိနင်နောက်ဆုံးမှာ နေဖို့ လိုအပ်တယ်။"

လူတိုင်းက နင်ကိုကြည့်ပြီး ပြောလိုက်ပါတယ်။

နင်လည်း ငြင်းမနေတော့ပါဘူး။ သူတို့တွေ ၀င်သွားကြတာနဲ့ ပျော်ရွှင်တဲ့ ဟစ်ကြွေးသံတွေ ထွက်ပေါ်လာပါတော့တယ်။
"ရတနာတွေ ပါလား။ ရတနာတွေ..."
"ဒီနေရာက အင်မော်တယ်တစ်ယောက် လေ့ကျင့်သွားခဲ့တဲ့ နေရာတစ်ခုဆိုတာ သေချာသွားပြီ။"

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now