ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 5 (ဇီဖူ တန်ခိုးရှင်)
Chapter 22 ( နှစ်ယောက်ကျန်သေးတယ် )
နင် တစ်ခုခု ဖြစ်လာမယ်မှန်း အာရုံခံစားလိုက်ရလို့ လေတောင်ပံ ကိုယ်ဖော့သိုင်းနဲ့ ချက်ခြင်း နောက်ပြန် ပြေးလိုက်ပေမဲ့လည်း သူ့ခန္ဓာကိုယ်ဟာ စွမ်းအင်လှိုင်းလုံးကြီးနဲ့ အတူ လွင့်စင်ပါသွားပြီးတော့ မြေပြင်ကို ထိုးကျသွားပါတော့တယ်။ သူကျသွားခဲ့တဲ့ နေရာ မြေပြင်မှာတော့ ချိုင့်နက်ကြီး တစ်ခုထင်ကျန်ရစ်ခဲ့ပါတယ်။
"ဂျိနင်.. မင်းအဆင်ပြေရဲ့လား။"
"ဂျိနင်"မီးတောက်ကိုးခုနဲ့ ကျန်တဲ့ နှစ်ယောက်က ချက်ခြင်းရောက်လာပြီးတော့ ချိုင့်နက်ကြီးထဲကို ကြည့်ပြီး အော်ခေါ်လိုက်ကြပါတယ်။ ချိုင့်ထဲမှာတော့ သွေးတွေ နေရာအနှံ့ အိုင်ထွန်းနေပါတယ်။ သူ့ရဲ့ ကျောမှာ ရှိတဲ့ တောင်ပံက တွန့်လိမ်နေပေမဲ့ နင်ကတော့ ဒဏ်ရာတွေကနေ ချက်ခြင်း အကောင်းအတိုင်း ပြန်ဖြစ်သွားပါတော့တယ်။ သူ ချက်ခြင်းပဲ မတ်တပ်ထရပ်လိုက်ပါတယ်။
"ကျွန်တော် ဘာမှ မဖြစ်ပါဘူး။"ဂျိနင် အက်ကွဲနေတဲ့ အသံနဲ့ ပြောလိုက်ပါတယ်။ ပထမက ပေါက်ကွဲမှုအားက သူ့လည်ပင်းကိုပါ ထိခိုက်သွားတာပါ။ သူ့ကျောကုန်းမှာ ရှိတဲ့ ဒဏ်ရာကြီးတွေလည်း တဖြည်းဖြည်း ပြန်ဆက်သွားပြီးတော့ ခနအကြာမှာ အမာရွတ်တောင်မှ တခုမှ မကျန်တော့ပါဘူး။ သူ့ရဲ့ အကာအကွယ် မှော်ရတနာလည်း ချက်ခြင်းပဲ သားမွေးဝတ်စုံ ပုံစံ ပြန်ပြောင်းသွားပါတော့တယ်။
မီးတောက်ကိုးခုနဲ့ ကျန်တဲ့သူတွေ ဂျိနင်ရဲ့ အစွမ်းအတွက် ရင်သပ်ရှုမော ဖြစ်ကျန်ရစ်ခဲ့ပါတယ်။ ဒါက ကီ တန်ခိုးရှင်တွေ အားကျရတဲ့ ဖင်းဂေါ့ကျင့်စဉ် ကျင့်ထားသူတွေရဲ့ အစွမ်းပါ။ သူတို့တွေသာဆို သေတာကြာလှပါပြီ။
"ဇီဖူ ရေကန်ကို ဖောက်ခွဲလိုက်တဲ့ အားက အရမ်းကို ကြောက်ဖို့ကောင်းတာပဲ။"ဇီဖူရေကန်ဆိုတာ အင်မော်တယ် လမ်းစဉ်လျှောက်သူတွေအတွက် အခြေခံ အုတ်မြစ်ပါပဲ။ ၀မ်ရှင်း သူတော်စင် ဒါမှမဟုတ် မူလတာအို တန်ခိုးရှင် ဖြစ်လာတဲ့ သူတိုင်းမှာ ဇီဖူ ရေကန်က ခန္ဓာကိုယ်ထဲမှာ ရှိပါတယ်။ ကီစွမ်းအင်ကို တဖြည်းဖြည်း စုစည်းလာတဲ့ အပေါ်မူတည်ပြီးတော့ ရေကန်ရဲ့ အ၇ွယ်က တဖြည်းဖြည်းနဲ့ ကြီးမားလာပါတယ်။ ပြီးတော့ ကီကျင့်စဉ်က ရေကန်ရဲ့ အကြီးဆုံး အရွယ်အစား အကြီး အသေးကို ဆုံးဖြတ်ပေးပါတယ်။

YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...