Blind DATE

10.7K 219 19
                                    

(Zawgyi)

"ငိ...ငိ...ငိ....အု...အု"

Plan အခန်းထဲဝင်​ဝင်​ချင်း နားထဲအလုံးလိုက်ဝင်​​လာတဲ့ အာ​ခေါင်​ခြစ်​ထွက်​လာဟန်​ရှိ​သော လှိုက်​သံ​ကြောင့်​ ​​ဂါ​နေ​သောစိတ်​ပင်​ လိပ်​ပြာလွင့်​မတတ်​။ ကာယကံရှင်​က​တော့ ဆိုဖာ​ပေါ်ဒူးပိုက်​ကာ ပခုံးကိုအစီစဉ်​မကျလှုပ်​ခါလျက်​ အထက်​ပါအသံကို အဆက်​မပြတ်​ပြုလျက်​ရှိသည်​။
TVမှ လူကြိုက်​များ​သော ဟာသအစီအစဉ်​၏ သရုပ်​​ဆောင်​များအသံက အခန်းထဲညံစီ​နေသည်​။

Plan ထိုတစ်​​ယောက်​​ဘေးဝင်​ထိုင်​ကာ remoteအားဆွဲယူ၍ အသံ​လျှော့လိုက်​သည်​။

"​ဟေ့​ကောင်​ ငါကြည့်​​နေတာ...volumeပြန်​တိုး...ငိ..ငိ..ခူး"

"ဘာဖြစ်​​တာလဲ မျက်​နှာကမဲ့ခွက်​​နေတာပဲ"

ဟာသကြည့်​ပြီး တငိငိလုပ်​​နေသူ၏ မျက်​နှာရှုံ့မဲ့​နေခြင်းက အလွန်​ပင်​ထူးဆန်းဖွယ်​ရာ။

"ရယ်​ချင်​တာ ရယ်​မရလို့....ငိ..ဖူး"

"အဲ့ဒါရယ်​ချင်​တဲ့မျက်​နှာ​ပေါ့....အီးမှန်​​နေတဲ့အတိုင်းပဲ"

"ယီးပဲ ဒီမျက်​နှာကြီးနဲ့ ငါဘယ်​လိုရယ်​မှာလဲ...ပါးစပ်ဟမရလို့​ ရေ​တောင်​​​​​ဖြောင့်​​ဖြောင့်​မ​သောက်​ရဘူး"

ပါးနီခြယ်ပြီး ​​မက်​မန်းသီးငုံထားသည်​ထင်​ရ​သော နီရဲ​​ယောင်​ကိုင်း​နေသည့်​ ပါးတစ်​ဖက်​အား Planနှုတ်​ခမ်းချွန်​ချွန်​နှင့်​ထိုးမိမတတ်​ ​မေးကြီးတ​မော့​မော့​ထိုးပြလာမှ တစ်​​နေ့ကလူ​ဇော်​လုပ်​ပြီး ငါး​ယောက်​နှစ်​​ယောက်​ ဖိုက်​တင်​ပ​လေးကြရင်း ပတ္တ​ရောင်​နဲ့မိ,လို့ ညလုံး​ပေါက်​သံတိုင်​ကြား ကွိရသည့်​အဖြစ်​ကို သတိရသည်​။ ထိတာ​တော့ ဒီ​ကောင်​​ရော Planပါ​ တော်​​တော်​အထိနာသည်​။ သို့​သော်​ငြား ​မွေးကတည်းကရလာ​သော အ​မေ့အ​မွေမျက်​နှာ​လေးအား ကာကွယ်​ရ​ကောင်းမှန်းမသိသူ အ​မောင်​Saint​လောက်​ Planမျက်​နှာက ထိချက်​မပြင်း။ ကြည့်​ရမဆိုး။ ​ကောင်း​ကောင်းကာကွယ်​နိုင်​၍ အတွင်းဒဏ်​ရာသာရသည်​။ အခုချိန်​ထိ အသက်​ရှူတိုင်း ရင်​ဘတ်​က​အောင့်​တုန်း​ပေမယ့်​ မှန်​ကြည့်​တိုင်းညိုမဲ​နေမည့်​ မျက်​နှာစုတ်​စုတ်​ပြတ်​ပြတ်​ထက်​​တော့ အများကြီးခံသာသည်​။

Blind DATE Where stories live. Discover now