Blind DATE - V'Day [A]

910 77 33
                                    

A/N : : ဒီchapterက Extraလည်းမဟုတ် Bonusလည်းမဟုတ်ပါဘူး V'Dayအတွက်ပဲရေးတာဆိုတော့ special chapterလို့ပြောရမယ်ထင်တယ် အရှေ့ကအပိုင်းတွေနဲ့လည်း သိပ်တော့မဆိုင်ပါဘူးဗျ အဲ့တော့ပြန်မဖတ်လည်း ရပါတယ်

(Zawgyi)

ဒီနေ့က အများနှင့်သက်ဆိုင်သောနေ့ ဖြစ်သည်။

ပိုပြီးရှင်းရှင်းပြောရရင် ဒီနေ့က Velentine'Day ။

ထို့ကြောင့် လွန်ခဲ့တဲ့နှစ်တွေကလို တစ်အိမ်လုံးလှိုင်လှိုင်ထနေသည့် ချောကလက်နံ့တွေနဲ့ သူနိုးလာရသည်။

ရေချိုးပြီး မနက်စာစားရန် ထမင်းစားခန်းထဲဝင်လာတော့ ချောကလက်ရည်တစ်ပုလင်း၊ ပုံစံခွက်တွေနဲ့ အလုပ်ရှုပ်နေသည့် သားအမိနှစ်ယောက်ကို တွေ့ရသည်။ စားပွဲတွင်အသင့်ပြင်ပေးထားသော မနက်စာဝိုင်းတွင်နေရာမယူခင်၊ သားအမိနှစ်ယောက်နား မယောင်မလည်သွားပြီးမှ ခဲနေပြီဖြစ်သော ချောကလက်တစ်ခုကို ယူစားတော့ ပါးစပ်ထဲမရောက်ခင် ပုတ်ချခံလိုက်ရသည်။

Perth သူ့လက်ကို ဖျတ်ခနဲလာရိုက်သော အစ်မတော်ကို မကြည်ကြည့် ကြည့်လိုက်သည်။

"ဖွားတို့တောင် မစားရသေးဘူး ငရဲကြီးချင်လို့လား"

အရင်နှစ်တွေက အခန်းအောင်းစာရေးနေပြီးမှ မုန့်လုပ်ချိန် ခဏလူယောင်ထွက်ပြပြီး နာမည်ကောင်းယူတတ်သော အစ်မတော်မှာ အခုနှစ်တော့ စူထွက်နေသော ဗိုက်ကြောင့် စာမရေးနိုင်။ ထို့ကြောင့် မနက်တည်းက မေ့နားကပ်ပြီး ဟိုဟာယူပေး ဒီဟာယူပေးနေပေမယ့် ဗိုက်မျက်နှာနှင့် မေက ဘာမှသိပ်မခိုင်းမှာ သေချာနေတာကို။ သူမအလုပ်က ပုံစံခွက်ထဲ ချောကလက်ရည်တွေ လောင်းထည့်ရုံ။

ဒီအတောအတွင်း ဘယ်လောက် နှိုက်မြည်းထားပြီးပြီမှန်းမသိ။ နှုတ်ခမ်းပေါ်ပေနေသော ချောကလက်တောင် ပြောင်အောင်မသုတ်ဘဲ သူ့ကို ဆရာကြီးလာလုပ်နေသော အစ်မကို နှာမှုတ်ပြကာ မနက်စာဝိုင်းရှေ့ ဝင်ထိုင်လိုက်သည်။

"သား ဒီနေ့ အိမ်ပြန်နောက်ကျမှာလား"

"မသိသေးဘူး မေ.. အလုပ်ဆင်းတာနောက်ကျရင်တော့ ပြန်တာလည်း နောက်ကျမှာပေါ့ အရမ်းကြီး နောက်ကျအောင်တော့ မနေပါဘူး"

You've reached the end of published parts.

⏰ Last updated: Oct 26, 2020 ⏰

Add this story to your Library to get notified about new parts!

Blind DATE Where stories live. Discover now