(Zawgyi)
ယနေ့ကား တနင်္ဂနွေနေ့။
အချိန်အားဖြင့် မနက်ရှစ်နာရီခန့်။အတိအကျဆိုရသော် အမျိုးကောင်းသား မောင်Saint Blind Dateရန် တစ်နာရီအလို။
မကင်းရာမကင်းကြောင်း ဖြစ်သည့်အပြင် မိမိ၏ဂွင်ဖန်ဖက် 40% shareရှင်လည်း ဖြစ်သောကြောင့် ဒီဇိုင်းကာလာ ဘာညာအနေအထားအား စနည်းနာရန် မနက် နေမထွက်ခင်ကတည်းက မောင်Saintစံမြန်းနေထိုင်ရာ ဤကြွက်တွင်းသို့ Plan ရောက်နေခြင်းဖြစ်သည်။
အောင်သွယ်တော်က ဝီရိယရှိသလောက် Dateမည့် မောင်Saintကား ဖင်လေးလွန်းလှ၏။ Plan အိမ်တံခါးလာခေါက်ချိန်ထိ သူ၏မလျှော်တာကြာ၍ ဖုန်နံ့သင်းနေသည့် အိပ်ယာထက် သွားရည်ကြည်တန်းလန်းနှင့် နှပ်လို့ကောင်းဆဲ။
အခုတော့ Planဖင်ပိတ်ကန်ပြီး ရေချိုးခန်းထဲ ပစ်ထည့်ထားသည်ကြောင့် မနက်ခင်းနေတက်မှာပင် ကျက်သရေမင်္ဂလာ အဖြာဖြာရှိသော စကားတို့ဖြင့် ဆဲရေးတိုင်းထွာပြီး ရေချိုးနေလေသည်။ ဒီလို လိမ္မာယဉ်ကျေးနေတာကြောင့်ပဲ လူက လာဘ်ပိတ်နေတဲ့ရုပ်နှင့်။
Plan နှိုက်ချွတ်ရှာထားသော ချောင်ကြားကထွက်လာသည့် ထောပတ်ကိတ်တစ်ထုပ် ဖောက်စားနေချိန် မောင်Saint ဝတ်စုံပြည့်နှင့် ကျော့ကျော့မော့မော့ ထွက်လာသည်။
Plan ရှေ့မှလူသားအား ခြေဆုံးခေါင်းဆုံး တစ်ချက်ရှိုးလိုက်၏။ ဘောင်းဘီက ဒီ ဖွာထနေသည့် ဂျင်းဒူးပြဲကလွဲရင် ဝတ်စရာမရှိတော့ဘူးလားမသိ။ အပေါ်က အနက်ရောင် hoodieအပွကလည်း ဘယ်ခုနှစ်ကဒီဇိုင်းဆိုတာတောင် ပြောဖို့ခက်နေပြီ။ တစ်ကိုယ်လုံး အရောင်ထွက်နေသည်ဆိုတော့ လျှာထိုးဦးထုပ်အမဲကြီးကို ငိုက်ပြီးဆောင်းထားရသေးသည်။
Plan စိတ်ကုန်မိသလိုခံစားရသည်။ ကျောင်းတုန်းက ရှပ်အဖြူနဲ့ style pantအနက် ဝတ်တုန်းကတောင် ဒီထက်လူရောင်ပြောင်သေးသည် ထင်မိ၏။