(Zawgyi)
တနင်္ဂနွေ၏ ညနေခင်းသည် အိမ်ရှေ့ရောက်လာသည့် နတ်ဆိုးတစ်ကောင်ကြောင့် Saint၏ ထမင်းစားပွဲပေါ်မှဟင်းအတူးများထက် အကျည်းတန်ရုပ်ဆိုးသွားသည်။
ထိုနတ်ဆိုးသည် Saintအား ရိုလာကိုစတာစီးရခြင်းဟူသော အိမ်မက်ဆိုးကိုပေး၏။
ယခုတော့ဖြင့် မောင်Saintတစ်ယောက် ထိုအိမ်မက်ဆိုးပေါ်မှာ ငုတ်တုတ်။
အကြောင်းမှာ ဒူးနှစ်လုံးကမေးချင်းရိုက်နေ၍ ထရပ်ဖို့ရာမစွမ်းသာခြင်းဖြစ်သည်။
ဤသည်ကို အနာပေးပြီးဆေးပေးလိုသော Angelအယောင်ဆောင်နတ်ဆိုးက လာတွဲထူ၏။
Saint ထိုနတ်ဆိုးဆွဲခေါ်ရာနောက် လမ်းလျှောက်တတ်စ,ကလေးတစ်ယောက်လို လိုက်ပါလာသည်။
"အဆင်ပြေလား မင်းမျက်နှာကပြာငမ်းနေတာပဲ"
လေပိတ်နေသောနားထဲ အသံအုံအုံကြီးတိုးဝင်လာမှ မောင်Saintတို့ အိမ်မက်ဆိုးကြီးမှလွတ်မြောက်လာပြီဖြစ်ကြောင်း သတိပြုမိသွားသည်။ ထို့နောက် သူ၏ခြေတံရှည်ရှည်က အနားမှနတ်ဆိုး၏ ဒူးကွေးဆီသို့... ။
"အ! ဘာလုပ်တာလဲ"
"အဆင်ပြေလားဆို...ခင်ဗျားမေးလို့ပြန်ဖြေတာလေ"
"ခြေထောက်နဲ့ဖြေရအောင် မြင်းလား မင်းက"
မိချောင်းမင်း ရေကင်းပြမနေပဲ ကစားကွင်းအထွက်ဘက်လှည့်ထွက်ခဲ့သည်။ ဗိုက်ဆာသည်။ အိမ်ပြန်မည်။ ဘာdinnerမှ မျှော်ကိုးမနေပဲ ဟင်းအတူးတွေပဲစားတာကောင်းသည်။
ကစားကွင်းထွက်ပေါက်အရောက်မှာပင် အတောင်မပါသောနတ်ဆိုး၏ ပိတ်ပင်တားမြစ်ခြင်းကိုခံရပြန်လေ၏။ Saintဘယ်ဘက်သို့ရှောင်ထွက်သည်။ နတ်ဆိုးက ဘယ်ဘက်လိုက်လာ၏။ သို့နှင့် ညာဘက်ရှောင်ထွက်ရာ ညာဘက်လိုက်လာပြန်သည်။ ထွက်ပေါက်တွင် ထုပ်ဆီးထိုးနေဖို့စိတ်မပါ၍ နတ်ဆိုး၏ဘေးမှရှောင်ထွက်လိုက်ရာ ကံကောင်းထောက်မစွာဖြင့် ဂုတ်မှဖမ်းဆွဲခြင်းကိုခံလိုက်ရသည်။