(Zawgyi)
ထမင်းစားပြီး ဧည့်ခန်းထဲ အချိုတည်းစရာ သီးစုံဒိန်ချဉ်တစ်ခွက်စီနှင့် ခဏစကားပြောဖြစ်ကြသေးသည်။
စကားပြောနေရင်း သူ့မမကကုန်ကြမ်းပဲရရ တွဲဖြစ်သွားကြပုံလေးပြောပါဦး ဆို၍ ဇာတ်တိုက်ထားသည့်အတိုင်း cafeတစ်ခုမှာစပြီးတွေ့သည် ၊ ထိုမှတစ်ဆင့် ပန်းခြံတွင်Saintပုံကြမ်းဆွဲနေသည်ကို တွေ့ရာမှ စကားပြောနှုတ်ဆက်ရင်းဖြင့် ရင်းနှီးလာသည်။ ထို့နောက် Saintရေးသည့်comicများကို Perthကဖတ်ရှုအားပေးရာမှ တဖြည်းဖြည်းအဆင့်တက်လာသည် စသဖြင့် စီကာပတ်ကုံး လူကြီးများကို ပုံပြင်ပြောရသည်။ သူ့မမနှင့်မေမေမေးသမျှကို Saintတစ်ယောက်တည်း ဒိုင်ခံအဖြေထုတ်နေချိန်တွင် သူတစ်ယောက်ကဖြင့် အနားကနေSaint၏ နေ့လည်ကမှပေါင်းခံလာသော ဆံပင်အိအိတွေကိုဆွလိုက် ၊ ခေါင်းကိုလက်အုပ်တင်ပြှီ ဝှေ့ယမ်းလိုက် ၊ သူနှင့်အနီးကပ်ဆုံးမှပါးတစ်ဖက်ကို လက်နှင့်လာညစ်လိုက် ၊ Saint၏လက်တစ်ဖက်ကိုဆွဲယူပြီး လက်ချောင်းတွေကိုကစားလိုက်ဖြင့် အလွန်တရာမှ အလုပ်ရှုပ်လျက်ရှိသည်။ ကြာတော့ သူ့မမကပင် 'နင့်လက်ကြီးကိုငြိမ်ငြိမ်ထားစမ်းပါ...လုပ်ချင်တိုင်းလုပ်နေတာ Saintကအရုပ်ကျနေတာပဲ' ဟူ၍ဝင်ပြောရသည်အထိ။ ဒါကိုပင် သူက 'ချစ်စရာကောင်းလို့' ဟူသောစကားကို အရှက်မရှိသည့်မျက်နှာကြီးနှင့် ပြောနိုင်သေးသည်။
မိမိကိုယ်ကိုအရှက်မရှိဟု သတ်မှတ်ထားသောSaintသည်ပင် ထိုလူ့လောက်အရှက်မမဲ့ဟုထင်သည်။ ဘောက်မဲ့ကြောင့် လူကြီးရှေ့လည်းမရှောင် လက်သရမ်းနိုင်သည်မသိ။ အခြေနေအရ ထိုသရမ်းနေသောလက်အား ပုတ်မထုတ်နိုင်သဖြင့်သာ ငြိမ်နေရသည်။ စိတ်ထဲတွင်တော့ ဖွားနှင့်အန်တီအား မျက်နှာပူ၏။ မတိုင်ခင်နေ့လည်က Saintအားအိမ်သို့လာခေါ်သည့်အချိန်က ကားထဲတွင်ပြောသည့် 'Skinship ရှိတယ်'ဟူသော စကား၏အဓိပ္ပါယ်အား လက်ကိုင်ခြင်း ပုခုံးဖက်ခြင်းအတွက်ဟုသာ ထင်ခဲ့သည်။ အမှန် ဤမျှဆိုးဝါးမည်မထင်ခဲ့။ အခြားထက် ပါးညစ်ခြင်းကိုတော့ Saintတကယ်မကြိုက်။ အခုမှမဟုတ် ကလေးဘဝကတည်းက မိမိပါးကိုဘယ်သူညစ်တာမှမကြိုက်ခြင်းဖြစ်သည်။ ဤ အလိုမတူသည့်လက်ကျူးမှုအား ပြန်မှရှင်းရန်စိတ်ထဲတေးထားလိုက်သည်။