Blind DATE - Twelve [B]

1.4K 185 13
                                    


"N'Saint ဖုန်းကိုင်​ဦး​ဟေ့...မြည်ေ​နတာ သုံးခါရှိပြီ"

"လာပြီ P'...Ai'Chuan ငါ ခဏ​ထားခဲ့လို့ရတယ်​မလား"

ကားကိုယ်​ထည်​အား ဆပ်​ပြာတိုက်​​နေသည့်​ Ai'Chuanကို​မေး​တော့ ​ခေါင်းညိတ်​ပြ၍ လက်​ထဲ​ ရေပန်းတရှဲရှဲနှင့်​ပိုက်​ကို ထား​နေကျ​နေရာ တန်း​ပေါ်ခဏတင်​, ဘားကိုပိတ်​ပြီး နား​နေ​ဆောင်​ထဲ အ​ပြေးဝင်​ရသည်​။

ဖုန်း​ခေါ်မည့်​သူနည်းပါးသည့်​ Saintအတွက်​ စဉ်းစားစရာ လူသုံး​ယောက်​သာ။ Updateမလုပ်​မချင်း ဆဲ​​နေတတ်​သည့်​ စီနီယာအစ်​ကိုက​တော့ တစ်​​နေ့ကပဲ အပိုင်းသစ်​upထား​ပေးပြီးပြီဖြစ်​၍ ဖုန်းမဆက်​​လောက်​။ အ​ထော်​​ကောင်​Planကလည်း အခုချိန်​အလုပ်​ထဲရှိ​နေမည်​။ ​နောက်​ အသက်​မရှိ​တော့တာလား မိန်းမရသွားတာလား မ​သေချာသည့်​ ဟိုတစ်​​ယောက်​။ သူသည်​လည်း သူ့လုပ်​ငန်းချိန်​အတွင်း တစ်​ခါမှမဆက်​သွယ်​ဖူးသည်​ဖြစ်​၍ ယခုဖုန်း​ခေါ်​နေသည့်​တစ်​​ယောက်​အား ဘယ်​သူမှန်း မ​ခန့်​မှန်းတတ်​ဖြစ်​သွားသည်​။

နား​နေ​ဆောင်​၏ ခုံတန်းလျား​ပေါ်ရှိ မြည်ေ​နဆဲဖုန်းမှ Caller IDကိုကြည့်​​တော့ အ​ထော်​​ကောင်​* ။ Saint, answerဘက်​ဆွဲချကာ နား,နားကပ်​လိုက်​သည်​။

"ဘာတုန်း ​ဟေ့​ကောင်​"

"​ဟျောင့်​...အိမ်​ကြီး​သော့ခတ်​ပြီး ဘယ်​​တွေတိုင်းခန်းလှည့်​​နေတာလဲ"

"ဘာလဲ မင်းအလုပ်​မသွားဘူးလား"

"ဒီတိုင်း ပျင်းလို့...မင်း အခုဘယ်​မှာလဲ"

"တစ်​လမ်း​ကျော်​က ​car-washမှာ...မင်းလာခဲ့မလား ငါပြန်​လာဖို့အဆင်​မ​ပြေလို့"

"​car-washမှာ ဘာလုပ်​​နေတာလဲဟ...​အေးပါ ငါလာခဲ့မယ်​"

ဖုန်းချသွားပြီဖြစ်​၍ Saint ခုနက ​ဆေးလက်​စ,ကားဆီသို့ပြန်​လာခဲ့သည်​။ ​ဖော့ဆို့တစ်​ခုယူကာ ​ဆပ်​ပြာရည်​ပုံးထဲနစ်​ပြီး ကျ​န်​​နေသည့်​​နေရာသို့ ပွတ်​တိုက်​​နေရင်း စိတ်​ထဲမှ အလုပ်​ဝင်​တာမကြာ​သေး အလုပ်​လစ်​​နေပြီဖြစ်​သည့်​ အ​ထော်​​ကောင်​အ​ကြောင်း​တွေးကာ ​ခေါင်းရမ်းမိသည်​။

Blind DATE Where stories live. Discover now