(Zawgyi)
"ဆွေပြမျိုးပြသွားမှာကို မင်းသားရှုံးအောင်ပြင်သွားဖို့တော့ မလိုဘူးထင်တာပဲ"
ဒီနေ့ Perthနဲ့ အိမ်မှာညစာလိုက်စားမည့် Baht500,000တန် ချစ်သူကောင်လေးက ကားနောက်ကြည့်မှန်အကူအညီဖြင့် အခုမှပုံသွင်းလာသော ဆံပင်ကိုဟိုထိုးဒီဖွလုပ်ရင်းမှဆိုသည်။
နှစ်နာရီမျှ အချိန်ပုပ်ခံပြီးပြင်ထားသောဆံပင်ပုံမပျက်ခင် ထိုဆံပင်အိအိတွေကိုထိုးဖွနေသော လက်အားဆွဲဖမ်းလိုက်၏။
"မင်းကငါ့ချစ်သူဖြစ်နေသရွေ့ မင်းသားရှုံးသင့်ရင်ရှုံးရမယ်"
Perth၏အပြောအား ကောင်လေးက'သောက်ကြီးသောက်ကျယ်'ဟူသော သဘောပါသည့် သွားကြားမှလေညစ်ထုတ်ခြင်းဖြင့် ဝါကျမဲ့ဩဘာပေးသည်။
ဂရုမစိုက်။ သူနဲ့တွဲသမျှကာလပတ်လုံးတော့ ထိုက်သင့်သည့်standardတစ်ခုရှိရမည်။ Perth Tanaponရဲ့ချစ်သူဟု အဆိုရှိရုံနဲ့တင်အဆင်းရောအချင်းပါ ထည်နေရမည်။ ဒါသည်ကပင် သူသတ်မှတ်ထားသည့်'စံ'တစ်ခု။
Perth, သူ့စိတ်တိုင်းကျ ပုံသွင်းပေးထားသည့် ကောင်လေး၏ခေါင်းအစခြေအဆုံး ခြုံငုံကြည့်ကာကျေနပ်နေသည်။ အခုချိန်လမ်းမှာတွေ့ရင်တောင် မှတ်မိကြမည်မထင်။ နဂိုဆံပင်ကောက်ပွပွတွေကို ပြန်ဖြောင့်ပေါင်းခံပြီးကာလာပါအညိုရင့်လုသို့ ပြောင်းစေ၏။ နေ့တိုင်းလို hoodie (သို့မဟုတ် စွပ်ကျယ်)နဲ့ ပြာမွဲမွဲဂျင်းဒူးပြဲသာဖုံးသော ခန္ဓာကိုယ်က shirtအဖြူနဲ့ ပေါက်ပြဲရာမပါသည့်ရိုးရိုးဂျင်းအပြာစိုကြောင့် ရိုးရှင်းသော်လည်းလူငယ်ဆန်ပြီးသစ်လွင်နေသည်။ ခြေထောက်ကိုတော့ ခါတိုင်းစီးနေကျညှပ်ဖိနပ်တွေအစား leather half shoeတစ်ရံလျှိုပေးထား၏။ ဘယ်လိုပဲ ရှေ့ကကြည့်,နောက်ကကြည့် အရင်နှင့်မတူတမူကွဲပြားနေတာတော့အမှန်ပဲဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ပြုပြင်ရလွယ်ကူပြီး ပုံထွက်ကောင်းမွန်သည့် ဤလူသားသည် Baht500,000တန်သည်ကိုတော့ မငြင်းလိုချေ။
