Blind DATE - Nineteen [A]

1.1K 126 33
                                    

(Zawgyi)

Perth ဒီဇိုင်းအဖွဲ့မှ တင်ပြထားသော ပုံကြမ်းများကို တင်္နလာနေ့ meetingအတွက် စိစစ်နေရင်း မျက်စိကလည်း ဘေးနားချထားသော ဖုန်းဆီမကြာခဏရောက်နေသည်။

Perthအကျင့်အတိုင်းဆိုရင်တော့ သူအလုပ်လုပ်ချိန်တွင် အာရုံနောက်စေမည့် ပစ္စည်းများကို အနားထားလေ့မရှိ။

အခုတော့ အစဉ်အလာ ချိုးဖောက်ကာ ဖုန်းကို ဘေးနားချထားမိသဖြင့် အလုပ်ထဲအာရုံသိပ်မရောက်။

သည်းမခံနိုင်သည့်အဆုံး Perth ဖုန်းကို ကောက်ကိုင်လိုက်သည်။ ထို့နောက် မကြာသေးမီက ခေါ်ထားခဲ့သော ထိပ်ဆုံးမှ contactအား ထပ်ခေါ်လိုက်သည်။ Dial toneတောင်မမြည်ပဲ ချက်ချင်း 'စက်ပိတ်ထားပါသည်' အော်ခဲ့သောကြောင့် ဝုန်းခနဲ မတ်တပ်ထရပ်လိုက်သည်။

ဒါတော့ တော်တော်လွန်သွားပြီ!

ရှေ့ရက်တွေက သူ ဘယ်လောက်ခေါ်ခေါ် ဖုန်းမကိုင်ခဲ့သူသည် မနေ့ကစပြီး ဖုန်းကို စက်ပိတ်ထားခဲ့တာ ဒီနေ့ ညနေပိုင်းထိ။ သူ ညစာထမင်းစားပြီး ခေါ်တုန်းကမှ ဝင်သွားခဲ့သော ဖြေသူမဲ့ဖုန်းသည် အခုတစ်ခါ စက်ပိတ်ထားသည် ပြန်အော်နေ၏။

သူခေါ်ထားတာသိရက် တစ်ကြိမ်တောင်ပြန်မခေါ်ပဲ စက်ပိတ်ချလိုက်သဖြင့် Perth ဒေါသထွက်သွားခြင်းဖြစ်သည်။
သူနေ့စဉ် ဆက်ဆံနေရသော လူပေါင်းစုံထဲ တစ်ယောက်မှ ဒီလိုအချိုး မချိုးဖူး၍ တော်တော်ခံရခက်နေသည်။

ထို့ကြောင့် များပြားလှစွာသော မပြီးပြတ်သေးသည့် အလုပ်ပုံကြီးကို ပစ်ထားခဲ့ကာ ကားသော့ဆွဲယူရင်း အောက်ထပ်သို့ အမြန်ဆင်းလာခဲ့သည်။ ဧည့်ခန်းထဲ ရုပ်ရှင်ကြည့်နေသော မိသားစုကို အသိပေးရုံပေးပြီး ခြံထဲသို့ ခပ်မြန်မြန်ဆင်းခဲ့လိုက်သည်။

ကားကို တရကြမ်း မောင်းထွက်သွားတာ ကြားရုံနှင့် Perthဒေါသအတိုင်းအဆကို အိမ်ကလူတွေ ခန့်မှန်းမိလောက်ပြီ။

မြို့ပြပီပီ ရှုပ်ထွေးနေသော လမ်းမပေါ်ရောက်မှ ကားကို နည်းနည်း အရှိန်လျှော့လိုက်၏။

ကားမောင်းရင်း Perthတွေးမိသမျှသည် ကောင်လေးနဲ့တွေ့ရင် စိတ်ရှိသမျှ ဆူရမည့်စကားများဖြစ်သည်။
လုပ်ငန်းရှင်တစ်ယောက်အနေနှင့် Perthက အသက်ငယ်သေးပေမယ့် သူ့ပတ်ဝန်းကျင်က လူတွေက သူ့ကိုအမြဲလေးစားစွာ ဆက်ဆံတတ်သည်။ ဦးမော့ပြီး အရာရာကို စီမံခန့်ခွဲခဲ့သူပီပီ တစ်ယောက်ယောက်က ကျောသလို ခံစားလိုက်ရရင် သည်းမခံနိုင်။

Blind DATE Where stories live. Discover now