(Zawgyi)
"မင်္ဂလာပါ.. ဒီတစ်ပတ်ရဲ့ Young For Youthအစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်"
Radioမှ မိန်းမပျိုနှစ်ယောက်၏ အသံချိုချိုက အဲကွန်းစိမ့်စိမ့် ဖွင့်ထားသောကားထဲ ပျံ့လွင့်လာသည်။
"မင်္ဂလာပါ Cherryရေ.. တို့ ဒီတစ်ပတ်ရဲ့ အောင်မြင်သူလူငယ်က ဘယ်သူများဖြစ်မလဲနော်"
"May သတိထားမိလား မသိဘူး.. အခုလူငယ်တွေကြား ရေပန်းစားနေတဲ့ Winter Fashionတွေ အကြောင်း"
"အိုး.. သိတာပေါ့.. မကြာသေးခင်ကမှ Showကို Liveကနေ May မျက်မြင်ကြည့်လိုက်ရတဲ့ဟာ.. designတွေအားလုံးက May အကြိုက်တွေချည်းဖြစ်နေလို့ ခက်နေတယ် Cherryရေ"
"အမှန်ပဲ Mayရေ.. ဖန်တီးသူကိုယ်တိုင်က လူငယ်ဆိုတော့ designတွေက fashionကျပြီး crazyဖြစ်စရာကောင်းနေရော.. Seasonableလည်းဖြစ် Fashionableလည်းဖြစ်တော့ လူကြီးလူငယ်နှစ်သက်တာ မဆန်းဘူးပေါ့ Mayရဲ့"
"ဟုတ်တယ်နော် Cherry.. ကဲ Mayတို့ ပြောနေတာနဲ့ ဒီနေ့အတွက် Young For Youthရဲ့ လူငယ်စတားက ဘယ်သူဆိုတာ နားထောင်နေတဲ့ ပရိတ်သတ်ကြီးလည်း သိလောက်ပါပြီ.. အချိန်မဆွဲပဲ ပရိတ်သတ်တွေ စိတ်ဝင်စားနေမယ့် အကြောင်းအရာလေးတွေ မေးလိုက်ရအောင်လား Cherry"
"ဟုတ်.. ဒါဆို အခုပဲ စလိုက်ကြရအောင်နော်"
.
.
."မင်္ဂလာပါ Khun'Perthရှင့်"
"ဟုတ်ကဲ့ မင်္ဂလာပါ"
"Young For Youthကနေ လူငယ်တွေစိတ်ဝင်စားနေတဲ့ Khun'Perthရဲ့ အကြောင်းလေးတွေ မေးမြန်းချင်ပါတယ်"
"ဟုတ်ကဲ့ မေးပါဗျ"
"လူငယ်ဒီဇိုင်နာ တစ်ယောက်အနေနဲ့ပေါ့နော် Khun'Perthရဲ့ fashionအပေါ်ထားတဲ့ အမြင်က ဘယ်လိုများလဲ"
မိန်းမပျိုရဲ့ မေးခွန်းအဆုံးမှာ Perthကမနေတတ်သလို ရယ်သံပြုသည်။
"ဒီဇိုင်နာတစ်ယောက်ဆိုတာထက် ကျွန်တော်ကလည်း သာမန်လူငယ်ပါပဲ.. အဲ့တော့ လူငယ်တစ်ယောက်အနေနဲ့ fashionအပေါ် ကျွန်တော့်အမြင်က ရိုးရှင်းပါတယ်.. ကျွန်တော်မှမဟုတ်ဘူး လူတိုင်းလူတိုင်း fashionနဲ့ပတ်သက်ပြီး ကိုယ်စီအမြင်ရှိကြတယ်.. သူမတူအောင် ဆန်းပြားနေမှ တန်ဖိုးကြီးနေမှ fashionမဟုတ်ဘူးလေ.. ကိုယ်ပိုင်အမြင်နဲ့ ကိုယ်နဲ့လိုက်ဖက်မယ်ထင်တဲ့ အရာတွေကို တွဲဖက်ဝတ်ဆင်တတ်တာကပဲ ကိုယ့်ရဲ့ ကိုယ်ပိုင်fashion ကိုယ်ပိုင်styleလို့ ထင်ပါတယ်"