King Mongkut's University of Technology, Thonburi
( KMUTT )
Graduation Ceremony,
5 February 2018.🎓🎓🎓
ဘုရင်Monkutမှ 1995တွင်စတင်တည်ထောင်ပြီး ထိုင်းနိုင်ငံ၏ ရှေးဦးအကျဆုံး နည်းပညာတက္ကသိုလ်များအနက် သုံးခုမြောက်နေရာယူထားသော Thonburi ( colloquially 'Bangmod' ) နည်းပညာတက္ကသိုလ်၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဘွဲ့နှင်းသဘင်အခမ်းအနားကြောင့် ယနေ့သည်က ယမန်နေ့များထက် ပို၍ သက်ဝင်လှုပ်ရှားလျက်ရှိသည်။
အခမ်းအနားပြီးမြောက်ချိန်ဖြစ်၍ ဂုဏ်ပြုပန်းစည်း ကိုယ်စီပွေ့ပိုက်ထားသော ဘွဲ့ဝတ်ရုံပိုင်ရှင်တို့က ဆွေမျိုးမိဘ ရောင်းရင်းများနှင့် အစုဖွဲ့နေလျက်။ အခမ်းအနားကျင်းပရာ ဌာနေတစ်ဝိုက်က ဂုဏ်ပြုစကားသံများနှင့် တစ်နည်း ညံစီနေသည်။
"Congratulations!"
အခုမှ Film Production Majorအစုထဲက ထွက်လာနိုင်သော Meanလက်ထဲ ထိုးအပ်လာသည့် ဂုဏ်ပြုပန်းစည်းအား မျက်နှာမဲ့နှင့် လက်ခံလိုက်သည်။
"Thanks!"
"ကျေးဇူးတင်ပါတယ် Ar'Perthခင်ဗျ လို့ပြောရင် မြေမြိုသွားမှာလား"
မကျေမချမ်းနှင့် မေးခွန်းထုတ်သူကို ထုံးစံမပျက် ပုခုံးတွန့်ဖြေပြီး ခပ်လှမ်းလှမ်းမှ မိတ်ဆွေဟောင်းကျောင်းသားမိဘများနှင့် စကားလက်ဆုံကျလျက်ရှိသော ဖွားထံ လျှောက်သွားလိုက်သည်။
"ဖွား လာ...သားနဲ့ ဓာတ်ပုံရိုက်ရအောင်"
"သားသူငယ်ချင်းတွေနဲ့ရော ရိုက်ပြီးပြီလား"
"ပြီးပြီ ဖွား...အခု ဖွားနဲ့ရိုက်ဖို့ပဲ ကျန်တော့တယ်... camera-manလာမယ် camera-man"
ဒီနေ့အတွက် driverအပြင် camera-manအဖြစ်ပါ missionရထားသည့်Perthက တူတော်မောင်၏ ဟန်မူကဲကဲသရုပ်ကိုမြင်တော့ မျက်ထောင့်နီနှင့် အနားရောက်လာသည်။ အဓိပ္ပါယ်အရ 'စင်ပေါ်ရောက်တုန်း လုပ်ထားဦးပေါ့ကွာ' ဆိုသည့် သဘောအပြည့်။ ဒီမျက်နှာကဲမျိုးလောက်နဲ့ ဖျားမှာမဟုတ်သော Meanကိုယ်တိုင်ကလည်း မျက်နှာမော်ချီမပျက် အခွင့်အရေးကို ကောင်းစွာအသုံးချ၏။
![](https://img.wattpad.com/cover/164500462-288-k768455.jpg)