Blind DATE - Six

2.2K 211 20
                                    


(Zawgyi)

"ကိုကို??"

"အင်း"

"Sorry ငါမလုပ်​နိုင်​ဘူး"

Saintမဆိုင်းမတွပဲ ငြင်းလိုက်​သည်​။

'ကိုကို'

အဲဒီနာမ်​စားကို သူ့လျှာ​ပေါ်တင်​ရမယ်​?

ဘယ်​လို​သောက်​ရူးအ​တွေးအ​ခေါ်နဲ့လဲ?

⏳ ⏳ ⏳

လွန်​ခဲ့​သောနာရီဝက်​ခန့်​။

Saint မ​နေ့က နက်​ပြာ​ရောင်​လိပ်​စာကဒ်​ပိုင်​ရှင်​ထံ ဆက်​သွယ်​ခဲ့သည်​။

ထို့​ကြောင့်​ ဒီ​နေ့သူတို့​ ​ကော်​ဖီဆိုင်​တစ်​ဆိုင်​တွင်​ ​တွေ့ဖို့​သ​ဘောတူလိုက်​ကြ၏။

Saintအ​ရှေ့တွင်​ ဝတ်​​ကောင်းစားလှနှင့်​​ခြေချိတ်​ထိုင်​​နေသည့်​ ထိုလူက A4 sizeစာအိတ်​တစ်​အိတ်​ကို ကမ်း​ပေးသည်​။

ယူပြီး ဖွင့်​ကြည့်​​တော့။

"ဒါက.."

"မင်းနဲ့ငါ့ရဲ့ သ​ဘောတူညီမှုစာချုပ်​....အ​ထဲကအချက်​​တွေကြည့်​ပြီး အဆင်​မ​ပြေတာရှိရင်​​ပြော  ညှိနှိုင်း​ပေးမယ်​"

Saint တွန့်​ကွန့်​​ရေးထားသည့်​ စာများကို​ကျော်​ကာ လိုရင်းအချက်​​တွေကိုသာ​ရွေးဖတ်​လိုက်​သည်​။

1- စာချုပ်​တွင်​ သ​ဘောတူလက်​မှတ်​ထိုးပြီးသည့်​အချိန်​မှစ၍ Perth Tanaponနှင့်​သက်​ဆိုင်​သူအဖြစ်​ ပြုမူ​ရမည်​။

2 - အခြားသူများနှင့်​စပ်လျဉ်းေ​​သာ နှလုံးသား​ရေးရာအရှုပ်​အရှင်းများကို မည်​သည့်​နည်းနှင့်​မှ သ​ဘောတူခွင့်​ပြုမည်​မဟုတ်​။

3 - Relationshipအား စိတ်ခံစားချက်အရ​​အရှုပ်​အရှင်းမရှိ​ရ။

4 - မိမိပုဂ္ဂိုလ်​​ရေးပြဿနာများအတွက်​ ဤRelationshipအား အသုံးချခြင်းမပြုရ။

5 - အချိန်​ခိုးယူခြင်းဖြစ်​သည့်​ ဖုန်းဖြင့်​​နှောင့်​ယှက်​ခြင်း၊ ဟိုဒီသွားလာရန်​ ​ခေါ်ယူခြင်း၊ လုပ်​ငန်းခွင်​အတွင်း ဝင်​​ရောက်​​နှောင့်​ယှက်​ခြင်းများကို ပြင်းပြင်းထန်​ထန်​တားမြစ်​သည်​။

Blind DATE Where stories live. Discover now