Blind DATE - Seven [A]

2K 215 20
                                    


တစ်​ခု​သော တနင်္ဂ​နွေ၏ည​နေခင်းတွင် တစ်​စုံတစ်​ယာက်ေ​နထိုင်​ရာ တိုက်​ခန်းတွဲအိုကြီး​ရှေ့ ကားအနက်​တစ်​စီးထိုးစိုက်​လာခဲ့သည်​။

Perth သူ့ဦး​နှောက်​ထဲ​မကြာ​သေးမီက သိမ်းဆည်းထား​သော အခန်းနံပါတ်​တစ်​ခု​ရှေ့မတ်​တပ်​ရပ်​လိုက်​သည်​။ ထို့​နောက်​ ​ဘောင်းဘီအိတ်​ထဲမှလက်​တစ်​ဖက်​ကိုထုတ်​ကာ တံခါးအားချက်​ကျကျ​ခေါက်​၏။

စက္ကန့်​မှမိနစ်​မကူးမီ တံခါးကအ​ဟောင်းသံ​ပေးကာပွင့်​လာသည်​။ တစ်​ကိုယ်​စာလှပ်​ထား​သောတံခါးကြားမှ apronအ​ဟောင်းဝတ်​ထား​သော​ကောင်​​လေးက တံခါး​ရှေ့မှလူကိုမြင်​​တော့ ​ခေ​တ္တခဏ​ကြောင်​အမ်း​သွားသည်​။

"ဘာကြည့်​​နေတာလဲ အထဲ​ခေါ်​လေ"

"အမ်​ ဝင်​"

ထို​ကောင်​​လေးဟ​ပေး​သောတံခါးကြားမှတိုးဝင်​ကာ တစ်​ရံတည်းရှိ​သော ဖိနပ်​စင်​​ပေါ်သူ့ရှူးဖိနပ်​​ပြောင်​လက်​လက်​ကို ​နေရာချလိုက်​သည်​။

အခန်းထဲ​ဝေ့ကြည့်​​တော့ ထိုင်​စရာဟူ၍ ခပ်​မှိုင်းမှိုင်းဆိုဖာတစ်​ခုသာထီးထီးရှိ​သော​ကြောင့်​ Perthမတ်​တပ်​ရပ်​​လက်​စအတိုင်းသာဆက်​ရှိ​နေလိုက်​သည်​။

"ထိုင်​​လေ"

"​ရတယ်​ ခဏပဲ"

"​ဩော်​ အဲဒါဆိုလည်း ဆက်​ရပ်​​နေေ​ပါ့...ကျွန်​​တော်​ကလုပ်​စရာရှိ​သေးတယ်​"

ကောင်​​လေးက သူဆိုဖာ​ပေါ်ထိုင်​ရန်​ငြင်းဆိုခြင်းကို ဘဝင်​မကျဟန်​ရှိသည်​။ သူအားလျစ်​လျူရှုပြီး မီးဖိုခန်းဟုထင်​ရသည့်​အခန်းထဲဝင်​သွားသည်​။

ဘာမှ​ထွေ​ထွေထူးထူးမရှိ​သော အခန်းထဲဆက်​ရပ်​​နေစရာအ​ကြောင်းမရှိ၍ သူပါအ​နောက်​ကလိုက်​လာခဲ့သည်​။

"ဘာလုပ်​​နေတာလဲ"

"ညစာစားမလို့"

သူ့အ​မေးကိုတိုတိုတုတ်​တုတ်​​ဖြေကာ ခုနကချက်​လက်​စဖြစ်​ဟန်​ရှိ​သော ဟင်းအိုးကိုမီးပြန်​ဖွင့်​​နေသည်​။ မီးရှိန်​တက်​လာသည်​နှင့်​ ​ကောင်​​လေးကိုယ်​တွင်​ကပ်​​နေသည့်​ဟင်းနံ့နှင့်​တူညီ​သောအနံ့က လှိုင်​တက်​လာသည်​။ Perth သူ့အား​ကျော​ပေးပြီး အလုပ်​ရှုပ်​​နေသည့်​​ကောင်​​လေးကိုယ်​မှအကြည့်​ကိုခွာကာ စားပွဲ​ပေါ်မှဟင်းပွဲအချို့ကို စူးစမ်းလိုက်​သည်​။ မဲတစ်​ချို့ တူးတစ်​ချို့။
ကြည့်​လိုက်​တာနှင့်​ ဘယ်​လိုမှစား​ကောင်းမှာမဟုတ်​ဘူးဆိုတာခံစားမိ​စေ​သော ဟင်းပွဲအမည်​ခံများ။ ဒါကိုဘယ်​လိုများအရသာခံစားဦးမှာလဲဟု​တွေးကာ ​နောက်​ထပ်​ဟင်းတစ်​အိုးနှင့်​အလုပ်​ရှုပ်​​နေ​သော ​ကောင်​​လေးကိုပြန်​ကြည့်​မိသည်​။

Blind DATE Where stories live. Discover now