(Zawgyi)
"ဟေး မင်း ငါနဲ့တွဲမလား"
©_© !!! @_@
လက်ကောက်ဝတ်အား ဆွဲယူဆုပ်ကိုင်ကာ ခိုင်မာစွာPerthဆိုတော့ မျက်မှန်ဝိုင်းအထူကြီးအောက်က ပြူးကြည့်လာသည့် မျက်လုံးဝိုင်းတွေ။
"ငါနဲ့ ခဏလိုက်ခဲ့"
တစ်ဖက်သား စကားတစ်ခွန်းမဆိုနိုင်မီ ကျစ်ကျစ်ဆုပ်ထားပြီးသောလက်အားဆွဲကာ ကားပေါ်တက်မောင်းထွက်ခဲ့သည်။
မိမိအား နားမလည်သလို ကြောင်အအကြည့်နေသော မျက်ဝန်းတစ်စုံအား လျစ်လျူရှု၍။
//_//_//_//_//_//_//_//_//_//_//
__ _ _ 🚗 _ _______//_//_//_//_//_//_//_//_//_//_//
'စဉ်းစားကြည့် ဟေ့ကောင်...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ'
Perth သန့်စင်ခန်းထဲ ဝင်ဝင်ချင်းကြားရသောအသံဖြစ်သည်။ ဖုန်းကိုနားနှင့်ကပ်ကာ ဘေစင်တွင်လက်ဆေးနေသူသည် မကြာသေးမီက Perth၏ကားအား ပိုင်စိုးပိုင်နင်းမှီကာစတိုင်ထုတ်ခဲ့သောသူ၊ ကော်ဖီဆိုင်ထဲPerthနှင့် ခပ်လှမ်းလှမ်းစားပွဲတွင် အမျိုးသားတစ်ယောက်နှင့်ထိုင်ခဲ့သောသူဖြစ်၏။
တိုက်ဆိုင်သည်မဟုတ်သော်လည်း တစ်နေ့တည်းတစ်နေရာတည်း တွေ့ပဲတွေ့နိုင်လွန်း၍ Perthမျက်မှန်းတန်းမိနေ၏။
'နားလိုက်တော့...ငါ ယောက်ျားတစ်ယောက်နဲ့တွဲဖို့ ဘယ်တုန်းကမှစိတ်မကူးဖူးဘူး...ငါသိချင်တာ တကယ်လို့ ငါသူ့ကိုငြင်းလိုက်ရင် ငါ့40%ကမရှုံးဘူးမို့လား'
ကိစ္စရှင်းပြီး ဘေစင်၌လက်ဆေးနေစဉ် တရေးတယူနားထောင်နေတာမဟုတ်ပဲကြားနေရသောအသံက Perthကိုတစ်ဆိတ်တော့စိတ်ဝင်စားစေသည်။
ကိုယ့်လို လူကြီးတွေဖိအားကြောင့် Dateလာလုပ်သူအပြင် ဒီလိုလူမျိုးတွေလည်းရှိနေသေးသည်။
အမျိုးမျိုးပါပဲလား။
ဖုန်းပြောနေသောသူကPerthအားသတိထားမိဟန်မတူ၊ ဖုန်းချပြီး သန့်စင်ခန်းနံရံကိုခဏမှီရပ်နေပြီးမှ ခေါင်းတခါခါနှင့်ထွက်သွားခဲ့သည်။