Blind DATE - Seventeen [A]

983 111 26
                                    

(Zawgyi)

A/N: ရီရီတွေ ပြန်မဖတ်ရအောင် ရှေ့chapter Fifteen A & B က Meanရဲ့ Graduation day Feb 5/6ရက် ပါ Feb 6မှာ Saintဆီ ဖိတ်စာတစ်စောင်ရောက်ခဲ့ပြီး chapter Sixteenကတော့ Saintရဲ့ အချစ်ဦးအကြောင်း flash backအပိုင်းပါ

အခု chapter Seventeen A က Feb 8ရက် wedding day ရောက်ခဲ့ပါပြီ

သေချာပေါက် မေ့နေမှာမို့ သတိပြန်ဖော်ပေးတာပါ ထိပ်မှာ A/Nကြီးပါလာလို့ စိတ်မဆိုးကြပါနဲ့ လူစုံလောက်တဲ့အချိန်ကျရင် ပြန်ဖျက်ပေးပါ့မယ်

~~~

Saint မင်္ဂလာပွဲကျင်းပရာ villaသို့ ရောက်လာချိန်တွင် ဧည့်သည်များက ဟိုတစ်စုသည်တစ်စု ပြန့်ကျဲနေပြီဖြစ်သည်။ မင်္ဂလာမောင်နှံ သစ္စာဆိုကတိပြုခြင်း အခမ်းအနားပြီးစီးချိန်ဖြစ်၍ ဧည့်သည်အချို့က ပေါ့ပေါ့ပါးပါး ကိုယ်စီအစုဖွဲ့ကာ သတို့သားနှင့် သတို့သမီးကို နှုတ်ဆက်နေကြသည်။ အစုဖွဲ့ရပ်နေသူတွေက များသောအားဖြင့် လူငယ်တွေဖြစ်ပြီး ကျန်သည့် လူကြီးတွေကတော့ စာပွဲဝိုင်းအသီးသီးတွင် အိနြေ္ဒရရရှိနေသည်။

Saint လူရှင်းသည့် နေရာတစ်ခုမှာ ရပ်ရင်း အခြေအနေကို ကြည့်လိုက်သည်။ သတို့သားဖြစ်သူက လူကြီးဝိုင်းနား ရပ်နေပြီး သတို့သမီးကတော့ selfileရိုက်နေသော အမျိုးသမီးတစ်စုကြား ရောက်နေသည်။ Traditional wedding ဖြစ်သောကြောင့် ရိုးရာဝတ်စုံနှင့်သူမက လူထုကြားထင်းထင်းလင်းလင်း။

သိပ်မကြာခင် အမျိုးသမီးတစ်ယောက်၏ အချက်ပြမှုကြောင့် သူမက Saintဘက်သို့ မျက်နှာမူလာသည်။ အံ့ဩမှုစွန်းသော မျက်လုံးဝိုင်းများက Saintမျက်နှာပေါ် ဆိုက်ဆိုက်မြိုက်မြိုက်။ အရောင်မပါသည့် အပြုံးတစ်ခုနှင့် နှုတ်ဆက်လိုက်မှ သူမက ဖြည်းဖြည်းလျှောက်လာသည်။

"နင်မလာတော့ဘူး ထင်နေတာ"

"အင်း"

Saint နှုတ်ခမ်းကို ပိုဆန့်လိုက်ရင်း သူမတစ်ကိုယ်လုံးကို သဘာဝကျကျ ခြုံကြည့်လိုက်သည်။

"ရိုးရာဝတ်စုံနဲ့လိုက်တယ်"

"အာ.. "

ပါးနီ ပါးပါးသုတ်လိမ်းထားသော သူမပါးအို့နှစ်ဖက်က ပိုပြီး အရောင်ရင့်သွားသည်။ အပြုံးမပျက် ကြည့်နေတော့ သူမက မနေတတ်စွာ ခေါင်းကိုငုံ့သည်။ တစ်ဝက်တစ်ပျက်ပေါ်နေသော ခြေခုံဖွေးဖွေးက ရွှေချည်ထိုးပိုးထည်၏ အရောင်ဟပ်မှုကြောင့် ဝါဝါဝင်းဝင်း။ ရွှေရောင် ခြုံလွှာရှည်က သူမပုခုံးတစ်ဖက်မှာ သိမ်သိမ်မွေ့မွေ့နေရာယူထားသည်။ ရွှေရောင်ကြာဖူးငုံ ထိုးစိုက်ထားသည့် ဆံထုံးပုံ့ပုံ့နှင့်။ တိုမွမွဆံစများက နဖူးစပ်နား ကပိုကရို ပြိုကျနေပုံအရ သတို့သမီးဆိုတာထက် နန်းမူနန်းရာရှိသော တော်ဝင်သမီးပျိုနှယ်။ ဝိုင်းဝိုင်းနုနု သူမမျက်နှာနှင့် ရိုးရာဝတ်စုံက Saintပြောခဲ့သလိုပင် လိုက်ဖက်သည်ထက်ပိုသည်။

Blind DATE Where stories live. Discover now