Blind DATE - One

3.4K 178 19
                                    

(Zawgyi)

အနက်​​ရောင်​မှ ပြာမွဲမွဲအ​ရောင်​သို့​ ပြောင်းလုလု keyboardအို​လေး​ပေါ် လက်​​ချောင်းရှည်​တို့ ​ချောက်​ချက်​ချောက်​ချက်​​ ပြေး​နေသည်​။

ငါက မင်းနားမှာပဲ တစ်​သက်​လုံးရှိ​နေမှာ.....

"ဆို​တော့ ဗိုက်​နာရင်​​တောင်​ သူမပါပဲ အိမ်​သာမသွားဘူးဆိုတဲ့ သ​ဘော"

Keyboard​ပေါ်က ညာလက်​ကို ရုတ်​သိမ်းလိုက်​ပြီး ​ဘေးနား​မှောက်​ရက်​လှဲ​နေသည့်​ အားလူး​ကြော်​ထုပ်​​ထဲမှ အားလူး​ကြော်​တစ်​ချို့ကို နှိုက်ထုတ်​ပြီး ပါးစပ်​ထဲထည့်​လိုက်​သည်​။ ဆီ​ပေသွား​သောလက်​ကို ​ဘောင်းဘီမှာသုတ်​ပြီး keyboard​ပေါ် ​နေရာတကျပြန်​တင်​သည်​။ ထို့​နောက်​ စာဆက်​ရိုက်​၏။

သေသွားရင်​​တောင်​ ငါ့ဝိညာဉ်​က မင်းကိုစွဲကပ်​​နေဦးမှာ....

"ဟမ့်​ ​စောင်​ပို​တွေ"

ထပ်​ပြီး အာလူး​ကြော်​တစ်​ဆုပ်​ကို ပစ်​သွင်းလိုက်​တာ​ကြောင့်​ နှုတ်​ခမ်းတွန့်​တွန့်​​ပေါ်ရှိ ​လှောင်​ပြုံးက ခုန်​ဆင်းသွားပြီး ပါး​ဖောင်း​ဖောင်းက တမြုံ့မြုံ့ပြန်​ဖြစ်​သွားသည်​။

ထိုသို့နှယ်​ အားလူး​ကြော်​မြုံ့လိုက်​ screen​ပေါ်မှ ဇာတ်​လိုက်​များ၏ dramaဆန်​ဆန်​ စကားများအား ဖြည့်​စွက်​လိုက်​လုပ်​ရင်း ​နောက်​ဆုံး ​အောက်​နားတွင်​TBC.....​ရေးပြီး ဒီ​နေ့အတွက်​ upload လုပ်​လိုက်​နိုင်​သည်​။

Notiဝင်​လာ​သော updateကိုကြည့်​ကာ မိမိတာဝန်​​ကျေသွားပြီဖြစ်လို့ ​အ​ဟောင်းနံ့ထွက်​​နေ​သော ဆုံလည်​ထိုင်​ခုံ​လေး​ပေါ် ​ဆောင့်​​ကြောင့်​ထိုင်​​နေရာမှ ဆင်း​ရပ်​ပြီး ခန္ဓာကိုယ်​တစ်​ခုလုံးမှ ပျင်း​ကြောများကို အားရပါးရ ဆန့်​ထုတ်​လိုက်​သည်​။ လက်​နှစ်​ဖက်​ကို​ ခေါင်း​ပေါ်​ဆန့်​လိုက်​​တော့ ဝတ်​ထားသည့်​hoodieက အ​ပေါ်​မြောက်​တက်​သွားပြီး တစ်​ကိုယ်​လုံးမှ တစ်​​နေရာတည်း ကွက်​ကိတ်​​နေသည့်​ ဗိုက်​ပူပူက လှစ်​ခနဲ​ပေါ်လာသည်​။ ​ထိုင်​ပါများ၍​ထွက်​​နေသည့်​ ဗိုက်​​ခေါက်​က မသိလျှင်​ စားနိုင်​​သောက်​နိုင်​ လူတန်းစားထဲကဟု ထင်​ချင်​စရာ​။ ကိစ္စ​တော့မရှိ။ ဗိုက်​​ခေါက်​ကြည့်​ပြီး လူအထင်​ကြီးခံရလည်း အမြတ်​ပဲဖြစ်​သည်​မို့။

Blind DATE Where stories live. Discover now