Perth အိမ်ထဲမရောင်ခင်မှာပင် ကြားရသည့် မြူးရွှင်ရွှင်ရယ်သံနှစ်ခုအနက် တစ်ခုမှာဖွားဖြစ်သည်ဆိုလျှင် ကျန်တစ်ခုသည်လည်း သူနှင့်စိမ်းသက်သည်မမည်။ နေ့စဉ်ကြားနေရသည့်အသံ မဟုတ်သော်လည်း အနှီအသံပိုင်ရှင်အား ဘယ်နေရာဘယ်အရပ်ရောက်ရောက် မမှတ်မိစရာအကြောင်းမရှိ။ထင်သည့်အတိုင်း အိမ်ထဲဝင်တော့ ဧည့်ခန်းထဲ ခရီးဆောင်သေတ္တာတစ်လုံးဘေးချပြီး ဖွားနှင့်ရယ်ပွဲဖွဲ့နေသူက Perth၏နှစ်ယောက်မရှိသည့် တစ်ဦးတည်းသောတူတော်မောင်ကလွဲ။
Perth ဝင်လာတာမြင်တော့ လက်တစ်ဖက်မြှောက်ချီပြီး 'လေး' ဟူ၍နှုတ်ဆက်၏။ နှစ်လုံးသာရှိသော အခေါ်အဝေါ်အား တစ်လုံးဖြတ်ထုတ်ပြီး တစ်ဘာသာအဆန်းထွင်သည့် အနှီတူတော်မောင်၏ အကျင့်သည်ကား ပြောင်းလဲမည်မဟုတ်၍ ထူး၍ထွေ၍လည်း ဗွေယူမနေတော့။ ပြောပျင်းသည်။
ူ
Perth အပေါ်ကုတ်ကို လမ်းခုလတ်မှာတင်ချွတ်ပြီး တီရှပ်ပါးနှင့် ဆတ်တီတွင်ဝင်ထိုင်ရင်း ။"ဘာလာလုပ်တာလဲ"
"ဦးရီးတော်က ကြင်ယာတွေ့ပြီကြားတော့ ရောက်ရာအရပ်ကအပြေးလာပြီး ဂုဏ်ပြုတာ"
"အဲ့တော့"
"ကျွန်တော် ဒီမှာနေမလို့"
ဘာမှလည်းမဆိုင်!
"မင်းမှာ အိမ်ရှိတယ်ထင်တာ"
"ဖွား သား နားတော့မယ်"
"ရေချိုးပြီး တရေးအိပ်ဦး...ညစာစားရင် ဖွားခေါ်ခိုင်းလိုက်မယ်"
"ဟုတ်"
ကိုယ့်ကိုကိုယ် နေရာတင် ကိုယ်ယောင်ပျောက်သွားပြီလား ထင်ရအောင် တူတော်မောင်၏ ဦးလေးဖြစ်သူအပေါ် အရေးတယူရှိပုံက နားရင်းထတီးပြီး ချီးမြှောက်ချင်စရာကောင်းသည်။
"နေဦး...ငါ့အိတ်ယူသွား"
"လက်မပိုတော့ဘူး"