"Saint..လာ"အိမ်ထဲဝင်ဝင်ချင်း Saint၏လက်ဖဝါးတစ်ဖက်အား သူ့လက်ဖဝါးထဲဖွဖွဆုပ်ကိုင်ပြီး အသံသာသာနှင့်ဧည့်,ဆောင်သည်။ နားယဉ်နေသောလေယူလေတိမ်းမဟုတ်၍ အမှုမဲ့မော်ကြည့်တော့ အပြုံးနွေးနွေးနှင့်ဆီးကြိုသော မြင်ကွင်းဆန်းကျယ်ကြောင့် Saint မျက်အိမ်နှစ်ခုကအနည်းငယ်ကျယ်သွားသည်။
ဘာလဲ ဒါက? အကယ်ဒမီရှော့ခ်?
"ကြောက်လို့လား Saintရဲ့...ကိုယ်ရှိတာပဲ မကြောက်နဲ့ လာ"
အထက်ကလေယူလေတိမ်းအတိုင်း Saint၏ သတိလက်လွှတ်ပြုမူမိသောအပြုအမူပေါ်အခွင့်ကောင်းယူကာ အလွန်တရာမှဂရုစိုက်ကြင်နာတတ်သော လူကြီးလူကောင်းကဲ့သို့ ပီပီပြင်ပြင်ဆက်လက်သရုပ်ဆောင်၏။
Okay! မောင်Saintတို့ကလည်း စိမ်ခေါ်ရင်တိမ်ပေါ်ထိလိုက်ရမှ...နေ့တိုင်းကြည့်ထားတဲ့dramaတွေက အပျင်းပြေမဟုတ်ဘူးဆိုတာ အခုပဲသက်သေပြမယ်!
အတွေးထက်လက်တွေ့အရင် Saint၏မျက်နှာထက် ရှက်ဝဲဝဲသဏ္ဍာန်တစ်ခုက ချက်ချင်းအရိပ်ထင်လာသည်။ မျက်လုံးဝိုင်းတွေက ဆန်းသော်တာလမင်းလို မှေးကွေးသွား၏။ ထို့နောက် ခေါင်းလေးအသာရမ်းကာဖြင့်။
"မကြောက်ပါဘူး"
နှစ်ကိုယ်ကြားရုံ လေသံတိုးညှင်းညှင်းပြုတော့ တစ်ဖက်လူမျက်ခုံးတွေမသိမသာမြင့်တက်သွားတာ မြင်ရသည်။
အပြန်အလှန်အားဖြင့် အနှီအိမ်ကြီးရှင်သည်လည်း Saint၏အကယ်ဒမီရှော့ခ်အား ရုတ်ချည်းသတိထားမိဟန်။ မြွေမြွေချင်း ခြေမြင်တယ်ဆိုတာက ဆိုရိုးစကားသက်သက်မှမဟုတ်ပဲလေ။
ဖိနပ်ချွတ်အလွန်တံခါးဝကျော်တော့ ဦးတည်ရာဧည့်ခန်းရောက်သည်။ သူက Saintအား အနားဆွဲကပ်ပြီး ဧည့်ခန်းထဲဆက်တီထက်မှ အိမ်သားများအားခြေစုံရပ်နှုတ်ခွန်းဆက်၏။
"ဖွား ၊ မေ..ဒါ ကျွန်တော့်ချစ်သူ Saint Suppapongတဲ့...Saint နှုတ်ဆက်လိုက်ဦး ဒါက ကိုယ့်အဖွား...ဒါက ကိုယ့်မေမေ..ပြီးတော့ ဒါက ကိုယ့်အစ်မ"