UrWayCar Service & Maintainance Centre
Car Service လုပ်ငန်းဖြစ်၍ Maintainance Dept. က လူတိုင်း ကိုယ်စီအလုပ်ရှုပ်နေသည်။
"ဟေ့ကောင် ဒါကြီးက ပြီးပါ့မလား"
"မသိဘူး"
Saint, partner Aim၏ အမေးကို စိတ်ရှုပ်စွာ ခေါင်းခါပြရင်း ဖြေလိုက်သည်။ အခု သူတို့ ကိုင်နေရသည့်ကားက သက်တမ်းကြာနေသည့်အပြင် အစိတ်အပိုင်းတော်တော်များများကလည်း ပြန်လိုက်ရဦးမည်။ ဒါက ဝါရင့်တစ်ယောက်အတွက် ဘာမှမဟုတ်သော်လည်း သူတို့လိုစာတွေ့သာရှိသော အလုပ်သင် အင်/ယာပေါက်စတွေအတွက်တော့ စိန်ခေါ်မှုကြီးဖြစ်သည်။ ဒီနေ့မှ ခါတိုင်းလို ညွှန်ကြားပေးမည့် စီနီယာကမရှိ။ နှစ်ယောက်သား စမ်းတဝါးဝါးနှင့် ဟိုကိုင်သည်ကြည့် လုပ်နေရသည်။
"စာအုပ်ထဲက စာတွေကိုခက်လှပြီ ထင်တာ...နေ့တိုင်းစီးတဲ့ကားက ပိုခက်နေတယ်"
"မငြီးစမ်းနဲ့ကွာ...ကြည့်ရတာ Tankစစ်ရမယ့်ပုံပဲ Filterလည်း အသစ်လဲရမယ်ထင်တယ်"
"မင်းလုပ်မှာလား"
မျက်လုံးပြူးနှင့် မေးလာသော Ai'Aimကြောင့် Saint ဘာမှ ပြောလိုခြင်းမရှိပဲ Store Dept. ဘက် ထွက်လာခဲ့သည်။
"N'Saint.. ဘာလိုလဲ"
"Filterရချင်လို့ P' "
"ဝင်သွားလေ...အဲဒီမှာ N'Moonရှိတယ်"
'ဝင်သွားလေ' ဟုပြောနေသော စတိုတာဝန်ခံအစ်မ မျက်နှာက ပြုံးစိစိ။ Saintမျက်နှာက နည်းနည်း အပူတက်သွားသည်။ Ai'Aim၏ ပါးစပ်ဖွာမှုကြောင့် အလုပ်သင်တစ်လမပြည့်ခင် Saintနှင့်Moonမှာ သမီးရည်းစားဖြစ်ကြောင်း ပေါက်ကြားသွား၍ နှစ်ယောက်လုံး အနေအထိုင် ကြပ်ရသည်။
အခုလည်း Moonရှိသည့်နေရာသို့ တစ်ယောက်ထဲတွန်းပို့နေပြန်ပြီ။ Saint မျက်နှာပူပူနှင့်ပင် အတန်းလိုက်စီထားသော ပစ္စည်းထားသည့် စင်တွေကြားထဲ ဝင်လာခဲ့သည်။ သိုလှောင်ရုံကကြီး၍ အထပ်သုံးထပ်ပါသည့် စင်တွေကလည်း ဆယ်ချီနေသည်။ Saint, Filterထားသည့် စင်ဘက် ဆက်လျှောက်ခဲ့သည်။ ဒီနေရာက အတွင်းပိုင်းကျ၍ စတိုဝန်ထမ်းများရှိသည့် ရုံးခန်းနှင့်တော့ နည်းနည်းလှမ်း၏။
![](https://img.wattpad.com/cover/164500462-288-k768455.jpg)