(Zawgyi)
တိတ်ဆိတ်မှုကို စတင်သူမှာ Perth ဖြစ်၍ ဖြိုခွဲသူမှာ Saint ဖြစ်သည် ဆိုပါက ။
"ဘာတွေ ပြောနေတာလဲ"
ခေါင်းလှည့်ကာ မေးလာသူကြောင့် Perth, အံ့သြစိတ်နှင့် ခါးတွင်တွယ်ချိတ်ထားသော လက်ပင် လျော့တိလျော့ရဲ ဖြစ်သွား၏။
သို့တိုင် သူ့ရင်ခွင်တွင် နွေးထွေးသော ကျောပြင်တစ်ခုက ကပ်တွယ်နေဆဲ။ ရင်ခွင်ထဲမှ ဦးလှည့်လျက်ပင် ထိုကောင်လေးက သူ့ကို နွေးနွေးထွေးထွေး ပြုံးပြနေ၏။ နှစ်ဦးသား၏ နှာထိပ်ဖျားတို့က ထိလုထိခင်။
မကြာသေးမီက မျက်လုံးမလွှဲတမ်း အကြည်စိုက်ခဲ့စဉ်ကပင် သူ့စိတ်ထဲ ထူးထူးထွေထွေ မခံစားမိ။
သို့သော်ငြား။
ယခု အခြေအနေက သူ့ နားထင်စပ်နေရာအား ငရုတ်သီးစားမိသလို ပူထူလာစေသည်။
လုံလောက်စွာ သွေးဖြည့်ထားသော ဖောင်းအိအိနှုတ်ခမ်းများက အလွန်နီးကပ်စွာ။
"ခင်ဗျားကို သဘောမကျပဲနဲ့ ဒီထိလိုက်လာပါ့မလား"
တမင်သည်လား မတော်တဆသည်လား။ 'ဟမ်' ဆိုသည့် အမေးနှင့် မျက်ခုံးပင့်ကာ မေးဆတ်ပြခြင်းကြောင့် သူတို့ နှာထိပ်ဖျားတွေက ဦးချင်းတိုက်မိသွားသည်။
နောက် ညာဘက်ပါးပြင်သို့ ဆွဲဖျစ်လာသည့် လက်ချောင်းများ။
အကျီလွတ်သော လက်ဖျံမှ မွေးညှင်းတစ်ချို့ ထောင်ထသွားကြောင်း သတိထားမိ၏။
သူ ရုတ်တရက်ပင် ကောင်လေးကို ရင်ခွင်ထဲမှ ဆွဲခွာလိုက်သည်။
"ဘာဖြစ်တာလဲ"
မျက်လုံးဝိုင်းများက သူ့အပြုအမူပေါ် မင်သက်သွားဟန်နှင့် ဖြူဖြူစင်စင်။
Saint Suppapong! မင်းက တကယ်မခေဘူး!
သူ ခေါင်းခါပြရင်းမှ ပြုံးလိုက်သည်။ ထို့နောက် ဘယ်ဘက်ခြမ်းရှိ ရင်ဘတ်ကို ပုတ်၍ ။
"ဒီမှာ ပေါက်ထွက်တော့မယ်"
"ခင်ဗျားကတော့"
သူ့ရင်ဘတ်အား လက်သီးနှင့် ဖွဖွထိုး၏။ မြင်ရခဲသော သွားတန်းညီတို့က ညအမှောင်မှာပင် ညလင်းပုလဲများလို ဖြူဝင်းနေသည်။
![](https://img.wattpad.com/cover/164500462-288-k768455.jpg)