One 🌷

18.3K 765 10
                                        

Forgiveness 🌷

သူ...

ကျနော့်ရဲ့ ချစ်သူဆိုတာကို
အဓိပ္ပာယ်ဖွင့်ဆိုရရင်တော့...

ကျနော့် ရဲ့မသိစိတ်တခုမှာ
ငြင်းခုံကန်ကျောက်ရင်း ဖြစ်တည်လာတဲ့
ငြိတွယ်မှု တစ်ခု

ဘဝအသစ်နဲ့အတူ အဆုံးစွန်ထိ
ကျနော့်ဘေးမှာ ရှိနေပေးပါ့မယ်ဆိုတဲ့
ပြောင်မြောက်လှတဲ့ အလိမ်အညာ
ကတိစကားတခွန်း

ပြီးတော့.........

သူ့ လက်ဖဝါးကြီးကြီးတွေရဲ့နွေးထွေးတဲ့
ဖေးမမှု တခုသာရှိရင် တလောကလုံးမှန်ပြီး
သူတယောက်ပဲ မှားနေပါစေ .အားလုံးကို
ကျောခိုင်းလိုက်ပြီး အချစ်နွံပူပူထဲကို
တသက်စာတိုးဝင်လိုက်ချင်တဲ့
မိုက်ရူးရဲဆန်ဆန်
ကောင်လေးတယောက်......

ဒီကောင်လေးဆီက
ဘာမှမလိုချင်ပါဘူးလို့ သူပြောခဲ့တာပဲ

နောက်ဆုံး သူထွက်သွားချိန်မှာ

သူအရမ်းမြတ်နိုးလို့ တယုတယ
နမ်းရှိုက်ဖူးတဲ့ ဒီရွှေညိုရောင်
ဆံသားပျော့ပျော့လေးတွေကအစ ...

အစိတ်စိတ်အမွှာမွှာ စုတ်ပြတ်သတ်အောင်
တဖြည်းဖြည်းချင်း ကွဲကြေခဲ့တဲ့
ဒီရင်ဘတ်ကြီးအလယ် ...

ဦးတည်ရာမဲ့ တစ်ယောက်သောသူကို
လိုက်ရှာရင်း ပေါက်ပြဲ ဖူးရောင်ပြီး
သွေးစိမ်းရှင်ရှင်ထွက်နေတဲ့
ခြေဖဝါးလေးတွေ အဆုံး...

သူနဲ့အတူ မခွဲမခွာ တသက်လုံး
ယူသွားခဲ့တာကိုတော့

သူသိစေချင်ပါသည်...

ချစ်တယ် ဆိုတဲ့စကားတခွန်းဟာဖြင့်
သူ့အပေါ်ထားတဲ့ အရောင်စုံအသွေးစုံ
ခံစားချက်ပေါင်းများစွာကို ညွှန်းဆိုပြဖို့
မဖြစ်နိုင်လောက်အောင်ပင်ကျနော်
သူ့ကို တန်ဖိုးထားပါသည်

နှလုံးသား တချက်ခုန်လိုက်တိုင်း
သူကိုယ်တိုင်ဓားနဲ့မွှန်းထားတဲ့
အက်ကွဲကြောင်းထဲက သွေးတစက်
ပေါက်ခနဲ ကျလာသလို

သက်ပြင်းတခုရှိုက်ထုတ်လိုက်တိုင်း
နာကျင်တယ်ဆိုတာကို စာလုံးမပေါင်းတတ်တဲ့
ကျနော့်နှုတ်ခမ်းပါးဆီက သူ့နာမည်လေး
အဖျားဆွတ်ပြီး တိုးတိုးလေး ညည်းတတ်လာသလို

Forgiveness (용서) Zgi + Uni 🌷( COMPLETED )Where stories live. Discover now