အခုတင်မယ့် အပိုင်းနှစ်ပိုင်းမှာ အမွန့်plot အပေါ်မကျေနပ်ချက်တွေအများကြီးထွက်ပေါ်လာမှာ သိပါတယ်။ ဒါပေမယ့် ဒီ မုန်တိုင်းကိုကျော်ဖြတ်မှဖြစ်မှာမို့ အားတင်းပြီး ဖတ်ပေးကြပါဦး ❤️❤️❤️
.
.
.
.
.
.
.
.
.
.တိုင်ကပ်နာရီကြီး၏ တချက်ချက်မြည်သံ မှလွဲ၍ ဧည့်ခန်းကြီးတခုလုံးတွင် အသံဟူသမျှ တိတ်ဆိတ်နေသည်။ အခန်း၏အလယ်တွင်တည်ရှိသော ညက်ညောအိစက်နေသည့် အညောင်းပြေထိုင်သော ဆိုဖာကြီးပေါ်မှီထိုင်နေသူတဦးက ညာဖက်နားထဲက Implant ခလုတ်လေးကို ဖိနှိပ်လိုက်ချိန်မှာ နှုတ်ခွန်းဆက်သလာသည့် စကားသံသြရှရှကို ကြားရသည်။
" Anneyong....လိုရီ နိုးပါပြီ ဘေဘီ.."
" Anneyong...ကိုကို ... "
လက်ထဲမှာပွေ့ပိုက်ထားသည့် ကိုကို့ ခေါင်းအုံးလေးကို တင်းကျပ်နေအောင်ဖက်ထားပြီး တမ်းတလွမ်းဆွတ်နေသူ၏ ကိုယ်သင်းနံ့ကို တမေ့တမောရှူရှိုက်မိသည်။ ကိုကို မရှိတဲ့နေရာဆိုပေမယ့် သူ့ရင်ခွင်ထဲရောက်နေသလိုမျိုး နွေးထွေးငြိမ်သက်မှုကို အနည်းအကျဉ်းတော့ ခံစားရပါသည်။
ဒီအတောအတွင်း အတိတ်မေ့နေတဲ့ Baekhyun အဖြစ် ဟန်ဆောင်နေရတာ Light အတွက်တော့ ပင်ပန်းလိုက်တဲ့ဖြစ်ခြင်း...
ခွဲခန်းထဲကထွက်ပြီးနောက်ပိုင်းနိုးလာသူက အတိတ်ကိုသတိမရလေသော Baekhyun ဖြစ်ခဲ့သည်။ ဆေးရုံကဆင်းပြီး နှစ်ရက်လောက်ကြာတော့ သူ့ကို ရဲတွေကမေးလာမြန်းလားလုပ်ကြသလို သူတခါမှမတွေ့မမြင်ဖူးတဲ့ မိသားစု ပတ်ဝန်းကျင်တွေနဲ့ ထိတွေ့ခိုင်းခဲ့သည်။ ညညဆို အယ်ရီ့ပုခက်နားမှာ တယောက်ထဲကျိတ်ငိုပြီး အိပ်ပျက်ညတွေများလာတဲ့အခါ Byun Baekhyun တို့ အကျင့်အတိုင်းပဲ ရင်ဘတ်ထဲမှာ မခံစားနိုင်တာတွေ ပြည့်နှက်လာတဲ့အချိန်မို့ Light ကို ဆင့်ခေါ်သလိုဖြစ်သွားတယ်ထင်ပါရဲ့။
Light နိုးလာတဲ့နေ့က အယ်ရီလေး ဆယ့်ငါးရက်ပြည့်တဲ့နေ့...ကလေးမွေးပြီးနောက်ပိုင်း Baekhyun ဘာတွေဖြစ်ခဲ့သလဲ ဆိုတာ အကုန်မှတ်မိနေပေမယ့် Light ထွက်သွားပြီးနောက်ပိုင်း ကိုကိုနဲ့ Baekhyun တို့ ဘယ်လိုစခန်းသွားကြသလဲဆိုတာတွေ မသိရတဲ့အတွက် ကိုကိုနဲ့သွားတွေ့တဲ့ညက သူ့ နားထဲထည့်ပေးလိုက်သည့် လိုရီ့ထဲက recording တွေကို အားကိုးနေရခြင်းဖြစ်သည်။
YOU ARE READING
Forgiveness (용서) Zgi + Uni 🌷( COMPLETED )
Fanfictionအချစ်ထက်ပိုပါတယ် Yeol ကျနော့်ကို အချစ်နဲ့ အမုန်းတွေအချိုးအစားမကျတကျ ရောမွှေပြီးပေးခဲ့တာအားလုံးကို ကျနော်တခုမှ မငြင်းပဲ လက်ခံလိုက်တဲ့အခါ ယောလ်စိတ်ထဲက နာကျည်းမှုတွေ နဲနဲလောက်ပဲဖြစ်ဖြစ်သက်သာသွားမယ်ဆိုရင် ဒီကောင့်ရင်ထဲက မီးတောက်မီးလျှံတွေကြားမှာတောင် ဆာကူ...