Twenty-Two 🌷

3.2K 398 26
                                    

Forgiveness 🌷
.
.
.
.
.

လွန်ခဲ့သော တစ်ပတ်ခန့်...
.
.
.

'' Knock...Knock ''

''ဘယ်သူလဲ ''

'' Omoni...ကျနော် မင်ဆော့ ပါ''

တကယ်တော့ Sohee ကို ဆေးရုံစောင့်
ပေးနေတဲ့ Chanyeol အမေဆီကို
မလာမဖြစ်လာရမယ့် ကိစ္စတစ်ခုကြောင့်

ကျနော်နဲ့အတူပါလာတဲ့
Chanyeol နဲ့ Jongdae တို့
အကြောင်းကိုတော့ ကိုတော့
Omoni ကို မပြောဘဲ
ချန်ထားလိုက် ရပါသည်

ပြောမိလိုက်ရင် ကျနော့ရှေ့က တံခါးချပ်လေး
ပွင့်လာမှာမဟုတ်လို့ပါ

ဆေးရုံမှာပြန့်နေတဲ့ သတင်းတွေအရ

Sohee ဒီလိုဖြစ်ရတာ Baekhyun နဲ့
ပတ်သက်နေတယ် ဆိုတာရယ်

သူ့သား Chanyeol က Baekhyun နဲ့
နေ့ချင်းညချင်း ချစ်သူတွေဖြစ်သွားတဲ့
အကြောင်းရယ်

သူမြတ်နိုးလှသော ဆရာဝန်အလုပ်ကိုတောင်
ဆက်မလုပ်နိုင်ဘဲ Baekhyun
အဖေရဲ့Company အလုပ်တွေထဲကို
ခြေစုံပစ်ဝင်လိုက်ပြီဆိုတဲ့
အကြောင်းတွေကို Omoni သိပြီးနောက်မှာ
Chanyeol ကို လုံးဝအတွေ့မခံတော့...

Omoni နဲ့ မတွေ့ရတော့ သူ့ညီမ
Sohee နဲ့ပါ မတွေ့ရတော့ဘူးပေါ့

တံခါးဂျက်ဖွင့်လိုက်သံ ကြားပြီးနောက်မှာ
တံခါးနောက်မှာပေါ်လာတဲ့ စိတ်ဖိစီးမှုတွေ
ကြောင့် အရွယ်နဲ့ မလိုက်အောင်
အရေးအကြောင်းတွေ တွေ ထင်ဟပ်နေတဲ့
မျက်နှာပေါ်က မျက်လုံးဝိုင်းဝိုင်းတွေဟာ
Chanyeol နဲ့တထေရာထဲ...

''Omoni...''

''ဘာကိစ္စရှိလို့လဲ မင်ဆော့ ''

'' ကျ...ကျနော် ''

'' Omma...''

ငိုသံစွက်ပြီးခေါ်လိုက်တဲ့ Chanyeolရဲ့
အသံအဆုံးမှာ တံခါးပြန်ပိတ်ဖို့ကြိုးစားနေတဲ့
Omoni ရဲ့လက်တွေကို အလျင်အမြန်
ချုပ်ကိုင်ထားပေးလိုက်ရသည်

''Chanyeol ငါနင့်ကို မမြင်ချင်ဘူးလို့ပြော
ထားတယ်နော်...သွား...ပြန်တော့ !!''

''မသွားပါနဲ့...Omma ! ကျနော်
ပြောတာလေး...တချက်လောက်ပါ
Omma...Omma!! ''

Forgiveness (용서) Zgi + Uni 🌷( COMPLETED )Where stories live. Discover now