Thirteen 🌷

3.4K 386 23
                                    

လွန်ခဲ့တဲ့ နှစ်ရက်က အထန်လေး
ပြန်လာပါပြီ🤗

ဒီနေ့တော့ အဆဲလေးတွေပါမှာပါ

အုတ်နီခဲတုံးလှလှလေးတွေ စုထားပေးပါဦးလို့

ဆိုင်ကယ်ဦးထုပ်လေးဆောင်းပြီး
ပြန်လာခဲ့ပါ့မယ် 😁
.
.
.
.
.
.
.
.
.
.

Forgiveness🌷

မနက်ခင်းနေရောင်ခြည်လေးက
ကျေးငှက်သာရကာတွေရဲ့အော်မြည်သံ
လေးတွေနဲ့ နေ့သစ်တရက်ကို
မွေးဖွားသန့်စင်ပေးရင်းနဲ့
နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့တဲ့
Byun Baekhyun ရဲ့ သောတအာရုံကို
နှုတ်ခွန်းဆက်သလိုက်တော့သည်

~ သြော်...မိုးတောင်လင်းနေပြီပဲ

မျက်လုံးကိုမဖွင့်သေးပဲ အိပ်ရာ ညာဖက်ခြမ်းကခုံပေါ်ကို လက်လှမ်းလိုက်ပြီး Light
နဲ့တယောက်တခြမ်းစီရေးနေကျ စာအုပ်ကို
လက်နဲ့စမ်းရင်းရှာလိုက်တော့ ခုံပေါ်မှာ
စာအုပ်ပေါင်းများစွာ

ပြီးတော့ စာအုပ်တွေကအထူကြီးတွေ

ချွေးနံ့လိုလို ပြင်းရှနေပေမယ့် ဆွဲဆောင်မှုရှိတဲ့ ကိုယ်သင်းနံ့တမျိုးကလဲ ကိုယ့်အနားမှာ
ရစ်ဝဲလို့နေသည်

ကိုယ့်ဘယ်ဖက် ပုခုံးပေါ်က ခပ်နွေးနွေးထိ
ကပ်မှုတခုကလွဲရင် စောင်ထူထူအောက်က
ကိုယ်လုံးပေါ်မှာ စေးကပ်ကပ်ဖြစ်နေပြီး
ညအိပ်ဝတ်ကလည်း ကိုယ်ပေါ်မှာရှိမနေ...

~ဒါ အိပ်မက်မက်နေတာမဟုတ်လား

မျက်လုံးကို အသာလေးဖွင့်ကြည့်မိတော့
မျက်နှာကျက်အဖြူရောင်လေးမှာ မီးချောင်း
ဖြူဖြူလေးက နှစ်ချောင်း...

~ဒါ ငါ့အခန်းမဟုတ်ဘူး ...

ရှုပ်ထွေးနောက်ကျိသွားတဲစိတ်တွေကို ပြန်စု
စည်းလိုက်မိတော့ မနေ့က စိတ်တွေအရမ်း
ရှုပ်လွန်းတာမို့ ကျောင်းမသွားဘဲ ညနေအထိ
အိမ်မှာနေနေခဲ့တာကို ပြန်သတိရလာသည်

Club မသွားဖို့ ...
Sohee နဲ့ ဆေးစာရွက်တွေ အလဲအလှယ်
မလုပ်ဖို့ Light ကို စာရေးမှာခဲ့သည်

Light က မနေ့ညတုန်းက ဘယ်မှာများ
အိပ်ခဲ့လို့ဒီအိပ်ရာကြီးပေါ်ရောက်နေရတာလဲ

Forgiveness (용서) Zgi + Uni 🌷( COMPLETED )Where stories live. Discover now