Thirty-Seven 🌷 Uni

2.2K 176 16
                                    

" Imm.. "

အကျင့်ဖြစ်နေပြီးသား မျက်ဝန်းတွေ ပွင့်လာတဲ့အခါ မြင်နိုင်စွမ်းမရှိပါပဲ မိုးလင်းနေပြီဖြစ်ကြောင်းသိလိုက်သည်။ ခါးအောက်အထိ လျှောကျနေသော စောင်ကိုယူပြီး ပုခုံးပေါ်ရောက်တဲ့အထိ ဆွဲခြုံကာ တရေးထပ်မှေးဖို့ပြင်လိုက်သည်။ Arjumma တောင်ရောက်မလာသေးဘူးဆိုတော့ အစောကြီးရှိဦးမှာသေချာတယ်မဟုတ်လား။

လှုပ်ရှားမှုအသေးစားလေးကြောင့် Light ဘေးမှာ အိပ်မောကျနေသူက ချက်ချင်းပဲ နိုးလာပြီး စောင်တွေပေါ်ကျော်ရင်းခွရင်း သူ့ရင်ခွင်ထဲရောက်လာတာမို့ အိပ်မှုံစုံမွှားမျက်နှာလေးပေါ်မှာ အပြုံးလေးတစခိုတွယ်လာတော့သည်။

" ဂွတ်မောနင်း... "

" ဝု... ဝု !! "

" ခနလေး...အယ်ရီကို နှိုးလိုက်ဦးမယ်..
နားကျပ်ယူပေးပါဦးကွ "

သွားနဲ့ကိုက်ယူပြီး ဖြန့်ထားတဲ့ လက်ထဲထည့်လာပေးသည့် Implant လေးကို လက်တဖက်နဲ့ကိုင်ရင်း နားမှာတပ်လိုက်သည်။ နောက်လက်တဖက်ကတော့ အလိုက်သိလွန်းပြီး လိမ်မာလှတဲ့ MongMong ရဲ့ ခေါင်းကလေးကို ပွတ်ပေးနေလိုက်သည်။

နားရွက်ထောင်ထောင်လေးတွေနဲ့ အမွှေးပွပွလေးတွေကို စိမ်ပြေနပြေပွတ်သပ်နေရင်း သူမမြင်ရတဲ့ ခွေးအဖြူလုံးလေးရဲ့ ပုံရိပ်ကို မှန်းဆကြည့်မိသည်။ ဒီအတိုင်း ကိုင်ကြည့်နေရတာတောင် ချစ်ဖို့ကောင်းနေတာဆိုတော့ MongMong ကိုနေ့တိုင်း မြင်နေရတဲ့ အိမ်အကူ Arjumma တို့က သူ့ထက်အချစ်ပိုမှာ အသေအချာပါပဲ။

ဘာလိုလိုနဲ့ MongMong လေး ဒီရောက်လာတာ ခြောက်လတောင်ကျော်ခဲ့ပြီပဲ။ Kyungsoo တို့စုံတွဲနဲ့တအိမ်တည်းနေရတာ ဒုက္ခပေးသလိုဖြစ်ပြီး အားနာလာတာမို့ Byun အိမ်တော်ကိုရောင်းချကာ တိုက်ခန်းလေးတခန်းဝယ်ပြီး Light တယောက်တည်းနေလိုက်ခြင်းဖြစ်သည်။

မနက်တိုင်း အချက်အပြုတ်နဲ့ အိမ်အလုပ်တွေ လာလုပ်ပေးတဲ့ Arjumma ကလွဲပြီး စောင့်ရှောက်မယ့်သူမရှိတာကြောင့် Kyungsoo ခေါ်လာပေးတဲ့ MongMong လေးကိုသာ အားကိုးနေရပြီး သူ့မှာ ရှိသမျှအချစ်တွေပုံအောထားရတာပါပဲ။

Forgiveness (용서) Zgi + Uni 🌷( COMPLETED )Where stories live. Discover now