Three🌷

6K 536 7
                                    

Three Years Ago …( 2015 Jan)

''သားရေ Channie ထတော့လေ
၇နာရီထိုးနေပြီ''

မြည်ပြီးသား Alarm ကို အိပ်ချင်မူးတူးနဲ့
ပြန်ပိတ်လိုက်ပြီး အိပ်ရာထဲ ပြန်နှပ်နေတဲ့
အချိန်ကျမှ မာတာမိခင်ကိုယ်တိုင်
အပေါ်ထပ်တက်လာပြီး လေသံချိုချိုလေးနဲ့နှိုးနေတဲ့အခါ

ဘာလို့ထရမှာလဲနော် ညက Ommaတို့
အိပ်လို့ကောင်းနေတဲ့အချိန်မှာ ကျနော်
စာကျက်နေရတာဗျ မနက်၃ နာရီလောက်မှ အိပ်ရတာကို

ဒါပေမယ့် အမေ့ကို ကလန်ကဆန်လုပ်
တတ်တဲ့ သားသမီးတွေထဲမှာ ကျနော်လုံးဝ
မပါတာမို့ လေးလံနေတဲ့ မျက်ခွံနှစ်ဖက်ကို
တဖြည်းဖြည်းဖွင့်ရင်း အိပ်ရာပေါ်ထထိုင်
လိုက်သည်

''သားလေး စားဖို့ ကင်ချီထမင်းကြော်ထား
တယ် ဂျူတီကုတ်ဖြူဖြူလေးလဲ
မီးပူသေချာလေးတိုက်ပြီးသား ဒီနေ့
သားတို့ နှုတ်ဆက်ပွဲရှိတယ်ဆို
နောက်ကျမှသွားရင်ဆရာတွေကို
အားနာစရာဖြစ်မှာပေါ့ကွယ် ထထ မြန်မြန်''

Omma ကပြောလဲပြော ကျနော့်ကိုယ်ပေါ်ကစောင်တွေအကုန်ခွာချပြီး
အိပ်ရေးမဝလို့ရှုံ့မဲ့နေတဲ့ ကျနော့ပါးနှစ်ဖက်ကို ဖွဖွလေးဆုပ်ကိုင်လာသည်

''ငါ့သားလေး အလုပ်သင်ပြီးပြီဆိုတော့
မနက်ဖြန်ကစပြီး တကယ့်ဆရာဝန်ကြီး
ဖြစ်တော့မှာပဲ တသက်လုံးရုန်းကန်လာခဲ့
ရပေမယ့် Omma ကို ဘယ်တော့မှ
စိတ်မပျက်စေခဲ့တဲ့ သားလေးကို
အရမ်းကျေးဇူးတင်ပါတယ်ကွယ်… ''

မျက်ရည်တစွန်းတစ စိုစွတ်နေပြီဖြစ်တဲ့ Omma မျက်လုံးတွေမှာ
ဝမ်းနည်းဝမ်းသာရိပ်တို့
ဖြတ်သန်းပြေးလွှားစဉ်မှာ
ကျနော့ဘဝရဲ့ တန်ဖိုးအရှိဆုံးလူသား
နောက်တယောက်ကတော့ အခန်းပေါက်ဝမှာ မတ်တပ်ရပ်လက်ပိုက်ရင်း သားအမိ
နှစ်ယောက်ကို အရည်လဲ့လဲ့ မျက်ဝန်းတွေနဲ့
ကြည့်နေခဲ့လေသည်

''Omma က သူ့သားဆရာဝန်ကြီးကိုတော့
မျက်နှာတစ်ချက်အညှိုးမခံဘူး
ဒီက နိုင်ငံကျော်သရုပ်ဆောင်ဖြစ်လာမယ့်
သမီးလေးကိုကျတော့ ပစ်ထားတယ် ''

မျက်နှာရှစ်ခေါက်ချိုးနဲ့ ကျောင်းသွားဖို့
အဆင်သင့်ဖြစ်နေတဲ့ ကျနော့ရဲ့ တစ်ဦး
တည်းသောညီမလေးက နှုတ်ခမ်းတတောင်
လောက်စူထွက်ရင်း မျက်မှောင်ကျုံ့ပြီးပြော
လာတာကြောင့် ကုတင်ပေါ်က ချက်ချင်းထပြီး သူ့နားကိုပြေးသွားတော့ အထာနပ်တဲ့
သူက အခန်းပေါက်ဝကထွက်ပြေးပေမယ့် ကျနော့်ခြေတံရှည်တွေက အိမ်ကျဉ်းကျဉ်း
လေးထဲမှာ သူ့ကိုကြာကြာပြေးခွင့်တော့မပေး

Forgiveness (용서) Zgi + Uni 🌷( COMPLETED )Where stories live. Discover now