Twenty-Eight 🌷

3.4K 387 31
                                    

Forgiveness 🌷
.
.
.
'' Jongdae ရေ...ငါ့ကို အရင်လက
အသစ်ပြန်လုပ်ထားတဲ့ Projectရဲ့
Fileတွေပေးပါဦး...''

'' ဒီလအတွက် လချုပ်စာရင်းတွေ
စစ်ပြီးရင် လက်မှတ်ထိုးဖို့
လာပေးဦးလို့ အဖွဲ့မှူးကို ပြောလိုက်''

'' အစည်းအဝေးကို နေ့လည် ၂ နာရီ
ပြောင်းပေးပါဦး Director nim...
ညနေ ကျနော် သွားစရာလေးရှိလို့ပါ ''

'' ရှယ်ယာတွေ 2% ကျတာ ဟိုတလောက
Project အသစ် လုပ်မယ်ဆိုပြီး ပျက်သွားလို့ မဟုတ်လား... အဲ့ ဂေါက်ကွင်း project ကို
စကိုင်တဲ့ကောင်ကို ငါသိတယ်...အခုချက်ချင်း
ငါ့ဆီမြန်မြန်လာခဲ့လို့ ပြောလိုက်''

'' ခင်များတို့ပြောသလို...ဒီကိစ္စဟာ ကျနော့
ယောက္ခမ ရှိစဉ်ကတည်းက စီစဉ်ထားတာဆို
တာကျနော် သဘောပေါက်တယ်... ဒါပေမယ့် အခုလို ဘတ်ဂျတ် အလုံအလောက်မရှိတဲ့
အချိန်မှာ...ဒီလို တဝက်တပျက်
အလုပ်ကြီးကို ခနဆိုင်းထားပြီး
ဒီထက်အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ
အတွက် စဉ်းစားသင့်တယ်လို့...''

မောလိုက်တာ...
စိတ်မောလူမော
ရင်ထဲမှာလည် အသက်ရှူပေါက်
မကျန်အောင်ကို မောတာပါလား...

Company အကြီးစားတခုရဲ့ CEO
လုပ်နေတာပါ လို့များပြောမိရင်
မနက်မိုးလင်းလို့အိမ်ကထွက်လာပြီဆို
တန်ဖိုးကြီး Suit ဝမ်းဆက်နဲ့နက်ကတိုင်တွေ
တနေ့နဲ့တနေ့ မထပ်ရလေအောင်
အရောင်စုံဝတ်ပြီး....
Rolex ရွှေနာရီကြီးတလုံးကိုလက်မှာ
ပြူးနေအောင်ပတ်ထား...
ပြောင်လက်နေတဲ့ ရှူးဖိနပ်ကြီးစီးလို့
ဇိမ်ခံကားအကောင်းစားကြီးပေါ်ကနေ
ခပ်ချေချေစတိုင်နဲ့ဆင်းလာပြီး ဝန်ထမ်းတွေ
ခါးကျိုးမတတ် ဦးညွတ်နေတာကို သောက်
ဂရုတစက်မှမစိုက်ဘဲ ဓာတ်လှေကားကြီးထဲ
ဝင်ပြီးအပေါ်ထပ်ကို မိန့်မိန့်ကြီးတက်
သွားတာလောက်ပဲ မြင်ကြတာ...

CEOကြီးခမျာ သူ့ရုံးခန်းထဲလည်း
ရောက်ရော တနေ့လုံး အမေဂျမ်းတွေ
တိုက်ပြီး ခုန်ဆွခုန်ဆွတွေဖြစ်နေမယ်လို့
ထင်နေတဲ့သူတွေ ဘယ်နှယောက်များရှိလို့လဲ

လူတွေကို ချော့လိုက် ခြောက်လိုက် ဆူလိုက်
ငေါက်လိုက်နဲ့ပဲ တနေ့ပြီးတနေ့ ရုန်းကန်
လှုပ်ရှားနေရတာကြောင့် မျက်နှာပေါ်လဲ
အရေးအကြောင်းတွေ ပိုများလာပြီး
လူပါ ဘီလူးရုပ်ပေါက်လာပြီ
(media မှာ 😈)

Forgiveness (용서) Zgi + Uni 🌷( COMPLETED )Where stories live. Discover now