Two 🌷

9.8K 672 2
                                    

Forgiveness 🌷

အား...... ဆောင်းဦးပဲရောက်သေးတာကို
လူကိုဘေးတစောင်းကနေ တိုက်သွားတဲ့
လေကတော်တော်အေးတာပဲ

ကျနော့်ကိုယ်ပေါ်မှာ အိမ်နေရင်း
အကီင်္ျပေါ်က အနွေးထည်ပါးပါးလေး
တထည်ပဲ ခြုံထားတာမို့ တချက်တော့
ရင်ထဲ အေးစိမ့်သွားသည်

ပြတင်းတံခါးကို Ajumma
ပိတ်ပေးခဲ့မှာပဲကို ဘာလို့များ ပွင့်နေ...

''နေကောင်းရဲ့လား ကိုယ့်ကလေးလေး ''

ကျနော့် အကြောအခြင်တွေ
ရပ်တန့်လောက်အောင် အခါခါ
ပြုစားတတ်သော အသံ ကြမ်းရှရှသည်
ကျနော့်ဘေး ပြတင်းပေါက်ဖက်က
ထွက်လာတာကိုတော့ သံသယဖြစ်ဖွယ်မရှိပါ

''ယောလ်...''

အမှောင်ထုထဲက ကျနော့ခြေထောက်
တစ်စုံ၏ လှုပ်ရှားမှုသည်
အလဲလဲ အပြိုပြို

ဆိုဖာရှေ့က စားပွဲခုံကိုဝင်တိုက်မိတော့
ခုံပေါ်တင်ထားသည့်ပန်းအိုးက
ကျနော့်ရှေ့မှာ ကျကွဲပြီးဖန်စအချို့
လွင့်စင်လာသည့်အသံ ပြီးတော့
ကျနော့ ခြေဖမိုးပေါ်က စူးခနဲ
နာကျင်မှုတချို့ကြောင့် ခြေလှမ်းတို့
ရုတ်တရက် တုံ့ဆိုင်းသွားရသည်

''မသွားပါနဲ့ ''

လှုပ်ရှားသံတစုံတရာ ထပ်မကြား
ရလောက်အောင်တိတ်ဆိတ်နေသော
ဧည့်ခန်းထဲတွင် ကျနော်နဲ့
လေတချက်ဝှေ့လိုက်သလို
ချက်ချင်းရောက်လာသော ကျနော့်ချစ်သူ၏ အသက်ရှူသံ ခပ်ပြင်းပြင်း တချို့သာ
ကြီးစိုးနေလေသည်

ပြတင်းပေါက်ဘေးမှာ သူရှိနေဆဲ
ဆိုတာ သေချာနေသလို သူနဲ့
ဆယ်ပေအကွာလောက်က ကျနော့ကိုလဲ
သူ့မျက်လုံးဝိုင်းများနှင့်စိုက်ကြည့်နေမည်ကို ကျနော် အတပ် ပြောနိုင်ပါသည်

''ဒဏ်ရာကိုဆေးထည့်ဦး
အရက်ပြန်လေးစွတ်ပြီး
ပတ်တီးလေး စ...စည်း ''

''မသွားပါနဲ့နော်''

ကျနော့်ရဲ့ ဒုတိယမြောက် အသနားခံသံ
အဆုံးမှာတော့ သူ့ဆီက သက်ပြင်းချသံ
တိုးတိုးလေးကဆောင်းလေအေးနှင့်အတူ
ကျနော် ဘေးမှာရစ်ဝဲလာသည်။
နောက်ပြီး ကျနော့ ဂန္ဓာရုံအတွင်း
ဝင်ရောက်လာသော သူ့ရဲ့ ကိုယ်သင်းနံ့ ...
တလှမ်းချင်းလှမ်းရင်း ကျနော့ရှေ့ကို
သူရောက်နေပါပြီ

Forgiveness (용서) Zgi + Uni 🌷( COMPLETED )Where stories live. Discover now