Sixteen 🌷

3K 368 27
                                    

Forgiveness 🌷
.
.
.

Flashback...

''ကိုကိုဘာတွေကြည့်နေတာလဲ''

ခြံထဲကမြက်ခင်းပေါ်ကျောခင်းရာကနေ
ကျနော့ဖက်အခြမ်းကိုစောင်းငဲ့ကြည့်လာတဲ့
ကလေးငယ်လေးက
ကြယ်ရောင်လရောင် ခပ်မှိန်မှိန်တွေ
အောက်မှာတောင် အရောင်အဝါလေးတွေ
ထွက်နေတဲ့အတိုင်းပင်

''ကြယ်တွေလေ...အွန်းလေးရဲ့
ကြယ်လေးတွေက မှိတ်တုတ်မှိတ်တုတ်နဲ့
ချစ်စရာမကောင်းဘူးလား ''

''ဟွန့်...မနာလိုဘူး ''

ဆောင့်ကြီးအောင့်ကြီးနဲ့ ပြောချလိုက်ပြီး
ဟိုဖက်ခြမ်းကိုလှည့်သွားတဲ့ကလေးဟာ
ဘာကိုစိတ်ဆိုးသွားမှန်း ကျနော်မသိပါ

''ဘာဖြစ်လို့လဲ အွန်းလေး...
ဘယ်သူ့ကို မနာလိုဖြစ်ပြန်ပြီတုန်း ''

သူမနာလိုဖြစ်တဲ့အရာတွေက ခပ်များများရယ်
ကျနော့ဦးလေးအိမ်ကနေ ကစားဖို့ခေါ်လာတဲ့
ခွေးကလေးTobennie ကိုရော
တူတူကစားတဲ့ ဂယောင်ဆူလေးကိုရော
ကျနော်ဝတ်ထားတဲ့အင်္ကျီတွေရော
ကျနော့ခေါင်းပေါ်ကဆံပင်တွေရော

နောက်ဆုံး
ကျနော့ပါးစပ်ထဲဝင်တဲ့
စားစရာတွေကိုတောင်
သူကမနာလိုဖြစ်တတ်သေးတာ...

ဘာကြောင့်မှန်း ကျနော်လဲ မသိပါ

''ကြယ်တွေလေ...ဘူးချစ်ကြယ်တွေ ''

Bullshit လို့မဆဲတတ်ဆဲတတ်နဲ့
ဆဲပစ်ရလောက်အောင် ကြယ်တွေက
သူ့ကို ဘာလုပ်နေလို့ပါလိမ့်

''ကြယ်တွေက ဘာဖြစ်လို့တုန်း...ပြီးတော့
အွန်းလေးတော်တော်ဆိုးတာနော်...အဆဲလေး
တွေ ဘယ်ကနေတတ်လာတာလဲ ''

သူ့ကိုပက်လက်ပြန်လှန်စေပြီး နှာခေါင်း
ထိပ်လေးကိုမနာအောင်ဆွဲလိုက်တော့
လက်ဝါးသေးသေးလေးတွေက
ကိုယ့်လက်ကို ပြန်ရိုက်ချလိုက်သည်

ကျနော့လက်ပေါ်မှာ
စိုစိစိအထိအတွေ့တမျိုး

''ကလေးငိုနေတာလား...ဘာဖြစ်လို့လဲ ''

မြက်ခင်းပေါ်မှာမို့ အကောင်ပလောင်တွေများ
ကိုက်သွားတာလားဆိုပြီး ရုတ်တရက်ထကာ
သူ့တကိုယ်လုံးကို ကိုင်တွယ်
စစ်ဆေးကြည့်မိတော့
နီရဲတက်သွားတဲ့ပါးပြင်လေးနှစ်ဖက်

Forgiveness (용서) Zgi + Uni 🌷( COMPLETED )Where stories live. Discover now