Baek...
Baekhyun....
ကျေးဇူးပြုပြီး...
ခနလောက်ပဲဖြစ်ဖြစ်
ငါ့ကို ပဲ့ကိုင်ခွင့်ပေးထားပါဦး...
ကိုကိုနဲ့ မင်း
တဦးတယောက်မှ မထိခိုက်ရအောင်
ငါကြိုးစားပေးချင်လို့ပါ။.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"နာမည် "" Byun Baekhyun ပါ "
" အသက် "
" ၂၅ နှစ် "
စိတ်လှုပ်ရှားမှုကြောင့် အချင်းချင်းဆုပ်နယ်ချင်နေသည့် လက်နှစ်ဖက်ကို ခပ်ဝေးဝေးနေရာမှာထားလိုက်သည်။ လူသတ်မှုလို့ ယူဆခံရသည့် အမှုအတွက် အလုံပိတ်ခန်းတခုထဲ စစ်မေးခံနေရချိန်မှာ ကိုယ်အမူအရာကို တတ်နိုင်သလောက်တည်ငြိမ်အောင်မထားဘူးဆိုရင် သူလုပ်တဲ့အပြုအမူတွေကိုကြည့်ပြီး အမှုစစ်ရဲတွေ သံသယဝင်သွားနိုင်တယ်မဟုတ်လား။
" သေဆုံးသူ Choi Jungwoo နဲ့ Baekhyun sshi က ဘယ်လိုပတ်သက်မှုမျိုးလဲ "
" အရင်ကတော့ စီးပွားရေးအရ ပတ်သက်ကြတာပါ "
" အခုရော ... "
" အ..ခုက "
ဖြေစရာစကားမရှိတော့သလို မျက်နှာလေးအောက်ချပြီး ဆွံ့အထားလိုက်တဲ့အခါ နောက်တမျိုးမေးခွန်းထုတ်ပြန်သည်။
" ချွဲဂျောင်ဝူး သေဆုံးတဲ့အချိန်မှာ Baekhyun sshi အိပ်ပျော်နေတယ်လို့ထွက်ဆိုထားတယ်နော် "
" Nae.. "
" အဲ့နေ့ညက အဖြစ်အပျက်တွေကို နောက်တခါပြန်ပြောပြလို့ရမလား "
သူ့ရှေ့မှာ ဘယ်နှယောက်ထိုင်ပြီး စစ်မေးနေကြမှန်းမသိပေမယ့် ရှက်ရွံ့ကြောက်လန့်တာတွေအကုန်ဘေးချိတ်ထားပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ ဒီကိစ္စကြီးကို ကြံစည်နေချိန်ကတည်းက ဒါတွေအားလုံးမျှော်လင့်ထားပြီးသားမို့ ရဲတွေရှေ့မှာသူ ပြောစရာစကားတွေကို အလွတ်ရနေပြီးသား ဖြစ်နေသည်။
" အဲ့နေ့ညက သူနဲ့ကျနော် ညစာစားဖို့ချိန်းထားပါတယ်။ ညစာစားပြီးတော့ သူနဲ့စကားပြောပြီး ကျနော်အိပ်ပျော်သွားတယ်။ မနက်နိုးလာတဲ့အခါမှ အိမ်ဘေးမှာဆူညံဆူညံနဲ့မို့ .. "
YOU ARE READING
Forgiveness (용서) Zgi + Uni 🌷( COMPLETED )
Fanfictionအချစ်ထက်ပိုပါတယ် Yeol ကျနော့်ကို အချစ်နဲ့ အမုန်းတွေအချိုးအစားမကျတကျ ရောမွှေပြီးပေးခဲ့တာအားလုံးကို ကျနော်တခုမှ မငြင်းပဲ လက်ခံလိုက်တဲ့အခါ ယောလ်စိတ်ထဲက နာကျည်းမှုတွေ နဲနဲလောက်ပဲဖြစ်ဖြစ်သက်သာသွားမယ်ဆိုရင် ဒီကောင့်ရင်ထဲက မီးတောက်မီးလျှံတွေကြားမှာတောင် ဆာကူ...