Forgiveness 🌷
.
.
.
.
'' ငါ့ကို အမှန်အတိုင်းပြောစမ်းပါ
မင်ဆော့... ''တောင်ပေါ်က လက်ထပ်ပွဲပြီးတော့
ဧည့်သည်တွေ အားလုံးတည်းဖို့ စီစဉ်ထားတဲ့
Five-Star hotel ကြီးထဲ ပြန်ရောက်တဲ့
ညပိုင်းမှာ Bachelor Party
ခပ်သေးသေးတခု ဆင်နွှဲနေတဲ့အချိန်...ကိုယ်ကြိုက်ရာ ရှကီမျိုးစုံ ကစ်လို့ရတဲ့
အရက်ဘားပေါ်မှာ စိတ်ကြိုက်
အရက်မျိုးစုံကို တခွက်ပြီးတခွက်မှာရင်း
ရေသောက်သလိုမော့မော့ချနေသော
မင်ဆော့ကိုကြည့်ပြီး
Jongdae ၏အာခေါင်တွေရော
ရင်ဘတ်တွေထဲပါ ပူလောင်မောဟိုက်လို့
လာသည်မှာထားတာက နှစ်ယောက်တခန်းဆိုတော့
ဟိုလင်လင်နှစ်ယောက်ကို အားကျတဲ့စိတ်နဲ့
ဒီညတော့ပေါက်စီကို အလွတ်မပေးတော့ဘဲ
မဟားတရားသွေးဆောင်ဖျားယောင်းပြီး
ဒချိလိုက်မည်ဟူသော မဟာအကြံအစည်
တော်ကြီး အောင်မြင်ရေးအတွက်
မရှိမဖြစ် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သော
ပေါက်စီသည် ဝက်ဝက်ကွဲအောင်မူးနေလို့
မဖြစ်ရေးချ မဖြစ်...သူမမူးအောင် အရက်ဘားမှလွဲ၍နေရာမျိုးစုံကို လှည့်ပတ်ခေါ်သွားပြီးပြီ ဆိုပေမယ့်
နောက်ဆုံးတော့ ဟိုနကားကောင်ရဲ့ ပြန်လည်
ဖိတ်ခေါ်မှုနဲ့ ပုလင်းထောင်လို့ကောင်းတဲ့
နေရာသို့ ပေါက်စီငမူးနဲ့အတူ
Jongdae တကောင် ပြန်ရောက်လာပြန်ပြီမူးတဲ့ကောင်က မရစ်ရဘဲ
မမူးတဲ့ကောင်က လာရစ်နေပြီး
ဘာတွေလာပြောနေမှန်းမသိတာကြောင့်
စိတ်တော်တော်ပိန်လာတာနဲ့
ကိုယ်ပါရောယောင်ကာ Whisky တခွက်ပြီး
တခွက်ထိုင်သောက်ပစ်လိုက်တော့သည်'' ဂေ့ ~~~~''
'' မင်ဆော့ရေ...
ငါ့ကိုလဲ အဖက်လုပ်ပါဦးကွာ...
ငါဖြစ်နေတဲ့ရောဂါ မင်းသိကိုသိရမယ်
ဘယ်လောက်ပဲဆိုးဝါးတဲ့ ရောဂါပဲဖြစ်ဖြစ်
(sob)ဟင့်~~ငါ့မှာ...အင့်....နေဖို့ အချိန်...
သိပ်မကျန်တော့ဘူး ဆိုရင်လဲ ...ငါ...ငါ
ပြင်ဆင်သင့်တာ ပြင်ထားသင့်တယ်
မဟုတ်လား သူငယ်ချင်းရာ...အင့်~~~ ''ရောဂါ ?
ဒီလူ ရှည်ရှည်အကြီးကြီးမှာ ရောဂါရှိတယ်
ဆိုရင် နှာပူးထတဲ့ ရောဂါပဲဖြစ်ရမယ်ဆိုတာ
Jongdae တို့က တိပြီးသား...
YOU ARE READING
Forgiveness (용서) Zgi + Uni 🌷( COMPLETED )
Fanfictionအချစ်ထက်ပိုပါတယ် Yeol ကျနော့်ကို အချစ်နဲ့ အမုန်းတွေအချိုးအစားမကျတကျ ရောမွှေပြီးပေးခဲ့တာအားလုံးကို ကျနော်တခုမှ မငြင်းပဲ လက်ခံလိုက်တဲ့အခါ ယောလ်စိတ်ထဲက နာကျည်းမှုတွေ နဲနဲလောက်ပဲဖြစ်ဖြစ်သက်သာသွားမယ်ဆိုရင် ဒီကောင့်ရင်ထဲက မီးတောက်မီးလျှံတွေကြားမှာတောင် ဆာကူ...