ဒီတပိုင်းမှာတော့ Warning အကြီးကြီး
ပါမှာပါထွက်ပြေးချင်သူတွေ ထွက်ပြေးကြပါ
မတားတော့ပါပု
အမွန့်ကိုဘရပ်ရှ်နဲ့ တော့ မတိုက်ကြပါနဲ့နော်ရှေ့မျက်နှာနောက်ထားပြီး တင်လိုက်ပါပြီ
စောင်တွေတော့ သိပ်မကိုက်ကြပါနဲ့
သွားတွေကျိုးကုန်မှာ စိုးလို့ပါ 😁😁
.
.
.
.
.
.
.°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
Forgiveness 🌷
''အ့... အား... ပူတယ် အရမ်းပူတယ် ''
''Light... Light သတိထားဦးလေ... ဟင်
ကလေး...''ကားပေါ်မှာ လမ်းတလျှောက်လုံး တွန့်လိမ်ကောက်ကွေးပြီး အသံမျိုးစုံထွက်နေတဲ့
ကောင်လေးကို ဘယ်ကနေဘယ်လိုစကားစမေးရမှန်းမသိတဲ့ အခါ Chanyeol တယောက် ခေါင်းအကြီးကြီးစားနေပါပြီ''အခုတော့ ကိုယ့်အိမ်ပဲပြန်လိုက်မယ်နော် Light ဖျားနေတာလား အသားတွေအရမ်းပူနေတယ် ''
ရေနွေးထုပ်ကလေးတွေလိုပူနေတဲ့
လက်ဝါးကလးနှစ်ဖက်ကို ခပ်တင်းတင်း
ဆုပ်ကိုင်မိတော့ မျက်ဝန်းနက်နက်ကလေးတွေ ဖြည်းဖြည်းချင်းပွင့်လာပြီး နှုတ်ခမ်းသား
နီရဲရဲလေးတွေက တဆတ်ဆတ်
တုန်ယင်လို့လာသည်''ကိုကို... ''
''ဟင်''
ဒါဘယ်လိုအခြေအနေကြီးပါလိမ့်
Chanyeol နဲ့သူ့အကို ဒါမှမဟုတ်
သူ့ချစ်သူနဲ့များ လူမှားနေတာလား''ကိုကို...ကိုကို မဟုတ်လားဟင် ....အင့်
ကျ...ကျနော် သေရပါတော့မယ် ''''ဘာတွေလျှောက်ပြောနေတာလဲကွာ
ဘာမှလဲမဖြစ်ပဲနဲ့ စိတ်ကို အေးအေးထား''''ဟင့်... မဟုတ်ဘူး ကျနော့ကို ဟို... လူ
ဟိုလူကြီးက ''သက်ပြင်းတချက်ကို ရှိုက်ထုတ်လိုက်ရင်း ပူနွေးတုန်ယင်နေတဲ့ ကိုယ်လုံးသေးသေးလေးကို ရင်ထဲမှာ ဖွဖွလေးဖက်ထားလိုက်မိတော့
သူလေးက ကိုယ့်ခါးကို တင်းကျပ်နေအောင်
ပြန်ဖက်ထားပြန်သည်''ဘာမှ မစိုးရိမ်နဲ့တော့နော် အခုLight ကို
ဟိုလူက ဘာမှ မလုပ်နိုင်တော့ဘူး
ကိုကိုရှိနေပြီပဲ ''

VOUS LISEZ
Forgiveness (용서) Zgi + Uni 🌷( COMPLETED )
Fanfictionအချစ်ထက်ပိုပါတယ် Yeol ကျနော့်ကို အချစ်နဲ့ အမုန်းတွေအချိုးအစားမကျတကျ ရောမွှေပြီးပေးခဲ့တာအားလုံးကို ကျနော်တခုမှ မငြင်းပဲ လက်ခံလိုက်တဲ့အခါ ယောလ်စိတ်ထဲက နာကျည်းမှုတွေ နဲနဲလောက်ပဲဖြစ်ဖြစ်သက်သာသွားမယ်ဆိုရင် ဒီကောင့်ရင်ထဲက မီးတောက်မီးလျှံတွေကြားမှာတောင် ဆာကူ...