Seventeen 🌷

3K 375 21
                                    

Forgiveness 🌷
.
.
.

''အင့်~ ...ယားတယ်လို့...မလုပ်နဲ့...အ့ ''

ကျနော့ နောက်ကျောတခုလုံးမှာ
သူ့ရင်ဘတ်အကြီးကြီးနဲ့ ထိကပ်နေရုံသာမက
လည်တိုင်တလျှောက်ကိုပါ
ကတ္တီပါစလို နူးညံ့တဲ့ နှုတ်ခမ်းတစုံနဲ့
ဖြည်းဖြည်းချင်းပွတ်ဆွဲခံရတဲ့
အထိအတွေ့ကြောင့် ခြေဖျား
လက်ဖျားတွေတုန်ယင်လာပြီး အသံမျိုးစုံပါ
ထွက်ချင်လာသည်

သူ့လက်နှစ်ဖက်ကလည်းကျနော့ခါးပေါ်မှာ
တင်းကျပ်နေအောင်ဖက်ထားတာမို့
မလူးသာမလွန့်သာနဲ့ပဲ
ကျနော့အပေါ်သူ ကြင်နာပေးလာသမျှကို
တားမြစ်ချင်ယောင်ဆောင်ရင်းနဲ့ပဲ
ငြင်သာစွာ လိုက်ပါနေမိသည်

''အင်း ...ကိုယ့်ရဲ့ Baekhyunnie လေးက
နွေးလိုက်တာ''

သူ့အသံ သြရှရှသည် ကျနော့အသွေး
အသားတွေကို ဆူပွက်လာစေအောင်
တဖြည်းဖြည်းချင်း မီးမြှိုက်နေသလိုပင်

ကိုယ့်ကိုအနောက်က သိုင်းဖက်ထားတဲ့သူနဲ့
မျက်နှာချင်းဆိုင်ဖြစ်အောင်
ပုံစံပြောင်းထိုင်လိုက်ပြီးတော့
သူလာတဲ့ညတွေမှာ လုပ်နေကျအတိုင်း
သူ့မျက်နှာတပြင်လုံးကို
လက်နဲ့စမ်းနေမိသည်

''Yeol က အရမ်းချောတယ်
ယောက်ျားပီသတယ်လို့ ဆရာ ဆရာမတွေ
အားလုံးကပြောတယ် သိလား''

''အဟား...''

သူ့ရယ်သံခပ်နွေးနွေးက ကျနော့နားထဲမှာ
ဆည်းလည်းသံလေးပမာ

''မဟုတ်တာ...Baek က ပိုချောတာပါ
တကယ်တော့ မင်းလေးဟာ
ကိုယ်နဲ့တောင် မတန်ပါဘူးကွာ...
ကိုယ်က ဆရာဝန်သာ ဖြစ်နေတာ
ကျောထောက်နောက်ခံလဲ ဘာမှမရှိ
ရုပ်ကလဲ နားကားရုပ် ''

'' ဟင်...အဲလို ပရမ်းပတာကြီးပြောရသလား
သူများချစ်သူကို...ဟွန့်''

''ဟား...ဟား ကောင်းပါပြီဗျာ
နောက်မပြောတော့ပါဘူး ''

အဲ့ဒီ့လောရှည် နားကားကြီးကိုပဲ
ကိုယ့်ရဲ့ဖြစ်တည်မှုတွေကို
မှတ်မိနိုင်စွမ်းတွေ မရှိတော့တဲ့
Byun Baekhyun ဆိုတဲ့
နယ်မြေသေးသေးလေးမှာ ...
သက်ဦးဆံပိုင်စနစ်နဲ့
တသက်လုံးအုပ်ချုပ်ပိုင်ခွင့်ပေးထားတာပါ

Forgiveness (용서) Zgi + Uni 🌷( COMPLETED )Where stories live. Discover now