ခပ်ပါးပါးလိုက်ကာစလေးနှစ်ခုကြားက တိုးထွက်နေသော မနက်ခင်းနေရောင်ခြည်နွေးနွေးက Baekhyun မျက်နှာပေါ်ကို ကျရောက်နေတာသိလိုက်တော့ ရေချိုးခန်းထဲကထွက်လာသူ Chanyeol မှာ လိုက်ကာစကို စေ့နေအောင်သွားပိတ်ရသည်။
မွေ့ယာပေါ်မှာ ညအိပ်ဝတ်စုံပန်းရောင်ဝမ်းဆက်လေးနဲ့ နေ့စေ့လစေ့ ဗိုက်တလုံးမိုးပေါ်ထောင်လို့ ခြေကားယား လက်ကားယားလေး အိပ်ပျော်နေသူကို ချစ်မြတ်နိုးစွာ ငေးကြည့်နေလိုက်သည်။
အရင်တုန်းကဆို ခေါင်းအောက်ကိုလက်နှစ်ဖက်ပူးထည့်ပြီးကွေးကွေးလေးအိပ်တတ်တဲ့ Baekhyun ဟာ လရင့်လာပြီဖြစ်တဲ့ သူ့ဗိုက်ကိုဖိမိမှာစိုးလို့ ပက်လက်အိပ်တဲ့အကျင့်ဖြစ်သွားတာပဲနေမှာပါလေ...
ဒါပေမယ့် ကိုယ်ဝန်ကြီးနဲ့ပက်လက်အိပ်တာကြာရင်ကလေးဆီသွေးအရောက်နည်းသွားပြီး ကလေးအသက်ရှူမဝတာမျိုးဖြစ်လာမယ်... ကိုယ်ဝန်ဆောင်ရဲ့ သွေးပြန်ကြောတွေ ပိတ်မိကုန်လို့ Baekhyun လည်း မူးတာမောတာတွေဖြစ်တတ်တယ်ဆိုတဲ့အသိကြောင့် ပုခုံးလေးတဖက်ကို အသာထိန်းမတ်ရင်း ဘေးတစောင်းအနေအထားကို ဖြည်းဖြည်းချင်းပြောင်းပေးလိုက်သည်။
" အင်းမ်.. "
အသံထွက်လာတော့နိုးသွားပြီထင်တာ.... အသက်မှန်မှန်ရှူပြီးအိပ်ပျော်နေသေးလို့တော်သေးရဲ့..
ပြည့်ဝင်းနေတဲ့ လည်တိုင်ဖြူဖြူလေးဆီအကြည့်အရောက်မှာ သူလုပ်ပေးထားတဲ့ ဆွဲကြိုးလေးကိုမြင်လိုက်တော့ သဘောတကျပြုံးမိသည်။
ကိုယ်ဝန် ကိုးလထဲရောက်နေပြီဆိုတော့လည်း တနေ့တနေ့ဘာမှအထူးတလည်မလုပ်ပဲ အိပ်လိုက်စားလိုက်လုပ်နေတဲ့ ကလေးအဖေပေါက်စနလေးဟာ ပါးမို့မို့လေးတွေကအစ ခြေတောက်လက်တောက်လေးတွေကအဆုံး.. ဖျစ်ချင်ညှစ်ချင်စရာ လုံးတစ်ဖောင်းကစ်နေပေမယ့် သူအသားနာမှာစိုးပြီး စိတ်ရှိတိုင်း သွားမညှစ်ရဲပဲ အောင့်အီးထားရတဲ့ Chanyeol တို့ဘဝရယ်ပါ..
လွန်ခဲ့တဲ့ နှစ်ရက်က ဆေးရုံရက်ချိန်းသွာပြတော့ မွေးဖို့ Date ပေးလိုက်တာက ၁၁ လပိုင်း ၁၁ ရက်နေ့။ မေ့ဆေးပေးပြီး ခွဲမွေးမယ်ဆိုတဲ့စကားလဲကြားရော " ကြောက်တယ် " လို့တတွတ်တွတ်ပြောပြီးငိုနေတဲ့ကလေးဖေကို အကြာကြီးထိုင်ချော့နေရသေးသည်။ အယ်ရီလေးနဲ့ တွေ့ချင်ပြီမဟုတ်လား လို့ မေးတော့ ဒီအတိုင်းဗိုက်ထဲမှာထည့်ထားလဲ အဆင်ပြေတယ်ဆိုပဲ... သူ့သမီးက Appa ကိုချစ်လွန်းလို့အပြင်မထွက်လာချင်ဘူးတဲ့လေ... အသည်းယားဖို့ကောင်းတဲ့ သားအဖတွေကို ဆေးရုံကပြန်လို့ ကားပေါ်ရောက်တော့မှပဲ စိတ်ကြိုက်မွပစ်ရတော့တယ်..
YOU ARE READING
Forgiveness (용서) Zgi + Uni 🌷( COMPLETED )
Fanfictionအချစ်ထက်ပိုပါတယ် Yeol ကျနော့်ကို အချစ်နဲ့ အမုန်းတွေအချိုးအစားမကျတကျ ရောမွှေပြီးပေးခဲ့တာအားလုံးကို ကျနော်တခုမှ မငြင်းပဲ လက်ခံလိုက်တဲ့အခါ ယောလ်စိတ်ထဲက နာကျည်းမှုတွေ နဲနဲလောက်ပဲဖြစ်ဖြစ်သက်သာသွားမယ်ဆိုရင် ဒီကောင့်ရင်ထဲက မီးတောက်မီးလျှံတွေကြားမှာတောင် ဆာကူ...