Nineteen + 🌷

5.8K 375 51
                                    

Warning အကြီးကြီးကို မဟားတရား
ပေးပါတယ်နော် 🚨

စိတ်ခိုင်မှဖတ်ပါ
အူတွေအသည်းတွေအရမ်းယားပြီး
ညအိပ်မပျော်လို့ရှိရင်
တာဝန်မယူပါဘူးလို့ 😁
.
.
.
.
.

🌷🌷🌷

Forgiveness 🌷
.
.
.
.
.
.
.
.
.
.
" ခနနေ ဆေးလာတိုက်မယ့် ဆရာမကို
အပြင်ထွက်မယ့်အကြောင်းတွေ
လုံးဝ မပြောရဘူးနော်...
အဲတာ ကလေးအတွက် ဆရာ Yifan က
သပ်သပ်စီစဉ်ပေးထားတာမို့
ဆေးရုံကလူတွေသိလို့မဖြစ်ဘူး"

"ဟုတ်...ဒါနဲ့လေ Yeol "

''အင်း....ပြောလေ ကလေး''

''ဟိုရောက်ရင်
စားချင်တာစားလို့ရလားဟင်''

''ရတာပေါ့ ကိုယ်အကုန်ဝယ်ကျွေးမှာ''

''ဟီး...အပြင်လဲမထွက်ရတာကြာတော့
စားချင်တာတွေလဲ မစားရတာကြာပြီ
ဟိုရောက်ရင် ဗိုက်တွေမတရားဖောင်းကား
နေအောင်စားပြီးလို့မှ အပြန်ကျ
လမ်းမလျှောက်နိုင်တော့ဘူးဆိုရင်
ကျနော့ကို ကုန်းပိုးရမှာနော် Yeol ''

''အာ...အဲ...အဲလောက်တော့
မစားရဘူးလေ ကလေးရဲ့...
လမ်းမလျှောက်နိုင်လို့ ဘယ်ဖြစ်မလဲ
ဟိုလေ...ကိုယ်ပြောချင်တာက
အများကြီးစားမိရင်
အစာတွေဘာတွေမကြေဘဲ နေမှာစိုးလို့ပါ ''

ပြန်ဖြေလိုက်တဲ့ Yeol ရဲ့အသံကလဲ
ကျနော်အစာမကြေမှာကို စိုးရိမ်တာထက်
တခြားတခုခုကို ပိုစိတ်ပူနေသလိုလို...

သြော်...အစာမကြေရင် ကုန်းပိုးထားတဲ့
သူ့အပေါ်မှာ အန်ချမိမှာ စိုးလို့လားမသိ

ဆရာမကလဲ မလာနိုင်သေးဘူး ဟူးးး~

''ကိုယ်တခုပြောဖို့မေ့နေတယ်...
အခန်းအပြင်ကို ကလေး လမ်းလျှောက်
ထွက်လို့မရဘူး...Wheelchair နဲ့ ကိုယ်
တွန်းသွားပေးမယ်နော်''

''ဟမ်....အဲတာကြီး မစီးချင်ပါဘူး''

''မစီးချင်လို့မရဘူး လမ်းလျှောက်သွားရင်
ဆေးရုံကလူတွေသိကုန်မှာပေါ့
ကိုယ်က...''

ပြောရင်းဆိုရင်း ဆေးတိုက်မယ့်ဆရာမ
ဝင်လာတော့ ဒီအတိုင်းရုပ်တည်နဲ့ပဲ
ဆေးသောက်ပြလိုက်ပြီးတော့
ဆရာမလဲ ပြန်ထွက်သွားရော ကျနော့ကို
Yeol က အင်္ကျီ အကြီးကြီးတွေဝတ်ပေး
ဦးထုပ်ရယ် mask ရယ် တပ်ပေးပြီးတော့
Wheelchair ပေါ် တက်ခိုင်းသည်

Forgiveness (용서) Zgi + Uni 🌷( COMPLETED )Where stories live. Discover now