Forgiveness 🌷
.
.
.''မင်းနဲ့လုပ်မယ့် အပေးအယူက
Light ရဲ့အနားမှာနေပေးဖို့ပဲ ''တစ်ပတ်ဆိုတဲ့အချိန်လေးအတွင်းမှာ ဘဝကြီးတခုလုံး ရစရာမရှိတော့ လောက်အောင်
ကျိုးကြေပျက်စီးသွားပုံရတဲ့ Chanyeol ကို
ဝမ်းနည်း ကိုယ်ချင်းစာသော မျက်လုံးများဖြင့်
Dr.Yifan ကြည့်နေမိသည်''ဆရာ အခုပြောမယ့် စကားတွေကို သေချာနားထောင်နော်...အဆုံးထိနားထောင်ပေး...
မရှင်းတာရှိလဲ ဆရာ အားလုံးပြောလို့
ပြီးတဲ့အခါမှ မေးနော် '''' ဟုတ်ကဲ့ပါ ဆရာ''
.
.
.
.
.
.
.
.
.
.
.
.
.
.''ကဲ...အခုဆရာသိတာတွေအားလုံး
မင်းကိုပြောပြလိုက်ပြီ...Baekhyun နဲ့ Light ကို သေချာခွဲခြားသိသွားတဲ့အခါ
ဖြစ်သင့်တာတွေကိုပဲ အလေးထားပြီး
ဘယ်သူ့ကိုမှထိခိုက်အောင်
မလုပ်တော့ဘူးဆိုတာ ဆရာယုံမယ်နော် ''''......''
''Chanyeol... ဆရာပြောတာ
နားထောင်နေရဲ့လား ''''ဟုတ်ကဲ့...ကျနော်ကြားပါတယ်ဆရာ
Hak ...
ကံတရားကြီးက အမေရော
ညီမရော ချစ်သူရော မုန်းတဲ့သူရောကိုပါ
ဆေးရုံကိုပို့ထားတာပဲနော် ဆရာ
ဒီအချိန်တိုလေးအတွင်းမှာတင်
အဖြစ်အပျက်တွေအားလုံးက
မယုံနိုင်စရာတွေများလွန်းလို့
ရူးတောင်ရူးသွားချင်တယ်''''အဆိုးထဲကအကောင်းကတော့ အားလုံး
အသက်ရှင်နေသေးတာပဲလေ...
မင်းလဲ စိတ်ကိုပြန်ပြင်ဆင်ပြီးတော့
Light ကို ...'''' ဆရာ့ကို ကျနော် မေးစရာတွေ
ရှိနေသေးတယ် ''''အင်း...မေးလေ ''
''Baekhyun က အခုဘယ်မှာလဲ ''
''သူပြန်မရောက်လာသေးဘူး
Chanyeol...သူပြန်လာအောင်နဲ့
Light ကို အေးအေးဆေးဆေးဖြစ်သွားအောင်
မင်းပဲ လုပ်ပေးရမှာ '''' Light ကိုကျနော်ချစ်ပေမယ့်...
Baekhyun ကိုတော့ သေလောက်အောင်
မုန်းတယ် ဆရာ...
သူ ကားရှေ့ကိုပြေးဝင်လို့...Soheeလေး...
ဒီလိုဖြစ်ရတာ......''''မင်းငယ်ငယ်ကချစ်ခဲ့တဲ့ အွန်းလေးဟာ
Baekhyun ပဲ ဆိုတာကိုတော့
မေ့သွားလို့မဖြစ်ဘူးနော်...
ပြီးတော့လည်း
ဒီ accident မှာ Sohee တယောက်ပဲ
နစ်နာသူလို့ ထင်နေရင် မင်းမှားနေပြီ Chanyeol''
YOU ARE READING
Forgiveness (용서) Zgi + Uni 🌷( COMPLETED )
Fanfictionအချစ်ထက်ပိုပါတယ် Yeol ကျနော့်ကို အချစ်နဲ့ အမုန်းတွေအချိုးအစားမကျတကျ ရောမွှေပြီးပေးခဲ့တာအားလုံးကို ကျနော်တခုမှ မငြင်းပဲ လက်ခံလိုက်တဲ့အခါ ယောလ်စိတ်ထဲက နာကျည်းမှုတွေ နဲနဲလောက်ပဲဖြစ်ဖြစ်သက်သာသွားမယ်ဆိုရင် ဒီကောင့်ရင်ထဲက မီးတောက်မီးလျှံတွေကြားမှာတောင် ဆာကူ...