Twenty-Five 🌷

3.4K 351 51
                                    

Forgiveness 🌷
.
.
.

ဆေးအဝါရောင်ခပ်ဖျော့ဖျော့သုတ်ထားသည့်
နံရံပေါ်တွင် အစီအရီနေရာယူလျက်ရှိသော
ဓာတ်ပုံဘောင်တစ်ခုစီအား
အိပ်မက်မက်နေသူတယောက်လို
Chanyeol လိုက်ကြည့်နေမိသည်

မျက်လုံးလေးတွေက လခြမ်းလေးတွေလို
လှပစွာကွေးညွှတ်နေပြီး
နှုတ်ခမ်းညာဖက်ထောင့်ကမှည့်နက်ကလေးက
ပြုံးယောင်သမ်းနေသောနှုတ်ခမ်းပါးလေး
တွေနဲ့အတူ အပေါ်ကိုကော့တက်နေအောင်
ရယ်မောပြုံးရွှင်နေသောလူသားလေး
တယောက်တည်းရဲ့ ဓာတ်ပုံပေါင်းများစွာကို
မွေးကင်းစအရွယ်ကနေ အသက်နှစ်ဆယ်
ကျော်အချိန်ထိ သေချာစုဆောင်းထားတာပါပဲ

နံရံရဲ့ အလယ် တည့်တည့်မှာတော့
၅ နှစ်သားအရွယ်လောက်ရှိတဲ့
ကလေး စူပုတ်ပုတ်လေးကို ချီထားတဲ့
ခပ်ချောချောအမျိုးသမီးတယောက်နဲ့
သူ့ပုခုံးကို ဖက်ရင်း မျက်လုံးတွေပိတ်နေ
အောင်ပြုံးရယ်နေသော အမျိုးသား
တယောက်ရဲ့ပုံကို မှန်ဘောင်ခပ်ကြီးကြီး
တခုအတွင်းမှာ ကြည်နူးဖွယ်မြင်နေရတာမို့
အကြာကြီးစိုက်ကြည့်နေမိတဲ့အခါ…

မိသားစုဓာတ်ပုံထဲလေးထဲက
လူတစ်ယောက်ကတော့ အစောပိုင်းထဲကပဲ
ကြွေလွင့်သွားခဲ့ပြီဖြစ်သလို
နောက်တစ်ယောက်ဟာလည်း
မကြာမီအချိန်မှာ လောကကြီးထဲက
စွန့်ခွာသွားတော့မှာမို့ ကျန်ရစ်ခဲ့မှာက
ကလေးငယ်လေးတစ်ယောက်ထဲ…

ဆရာ Yifan ရဲ့အိမ်က Baekhyun
အဖေအတွက် သီးသန့်လုပ်ပေးထားတဲ့
အခန်းငယ်ထဲမှာ ရောက်နေတာက
Chanyeol တယောက်တည်းတော့မဟုတ်

သူ မကြုံတွေ့စေချင်သောအခြေအနေတစ်ခုကို ရင်ဆိုင်နေရသည့် လူသားနှစ်ယောက်ပါ
ဒီအခန်းထဲမှာ ရှိနေခဲ့ပါသည်

အိပ်ရာပေါ်လဲလျောင်းနေတဲ့ Baekhyun အဖေရယ် သူ့ဘေးကခုံလေးတစ်လုံးမှာ
ထိုင်ရင်း မျက်နှာဖူးဖူးလေးပေါ်မှာ
မျက်ရည်စတွေနဲ့ ရွှဲနစ်နေတဲ့
သူ့သားငယ်လေးရယ်…

'' Appa တောင်းပန်တယ်နော်…သား
သားလေးစိတ်မကောင်းဖြစ်မှာစိုးလို့ Appa
မပြောပဲနေတာပါ Chanyeol ကိုလဲ
စိတ်မဆိုးပါနဲ့
Appa က သားကိုမပြောဖို့ 
ကတိတောင်းထားတာနဲ့ မပြောတာပါ ''

Forgiveness (용서) Zgi + Uni 🌷( COMPLETED )Where stories live. Discover now