Forgiveness 🌷
''Sohee ya...''
သစ်ရွက်ခြောက်တွေ လေထဲလွင့်ပါနေသည့်
တရှဲရှဲအသံကလွဲလို့ တိတ်ဆိတ်နေတဲ့
ဘောလုံးကွင်းလေးဘေး မြက်ခင်းပြင်မှာ
ထိုင်နေသော အဖြူရောင် ကောင်လေးနဲ့
ကောင်မလေးတို့နှစ်ယောက်သည်လည်း
တိတ်ဆိတ်ခြင်းထဲသို့
ထပ်မံခေါ်ဆောင်ခံလိုက်ရသည်။''ငါတောင်းပန်ပါတယ် ဟာ''
နွေဦးလေသည် ခပ်နွေးနွေးသာ
တိုက်ခတ်သွားပေမယ့် Sohee
ရင်ထဲမှာတော့
နေအစင်းတရာ ဖြတ်ပြေးသွားသလို
ပူလောင်ဆဲအချိန်မှာ
တဖက်လူဆီကလဲ တောင်းပန်စကားတခွန်း
ထက်ပိုမထွက်လာဘဲ ငြိမ်သက်နေခြင်းက
သူ့အာခေါင်တွေ ခြောက်သွေ့လာတာကြောင့်
အပြုံးတုတစ်ခုကို အမြန်တပ်ဆင်ပြီး
ကောင်လေးဖက်သို့လှည့်လိုက်သည်။''ငါ... ငါနင့်ကို ဒီလိုဖွင့်ပြောလိုက်လို့
စိတ်ဆိုးသွားတာလားဟင်...
ငါဘယ်သူ့ကိုမှ
ဒီလိုမပြောဖူးပါဘူး hyun
နင့်အပေါ်ထားတဲ့ ခံစားချက်တွေကို
နှစ်နဲ့ချီပြီး ငါသိမ်းထားခဲ့တဲ့အတိုင်း
ဆက်ပြီး သိမ်းထားပေး မလို့ပါ
ဒါ... ဒါပေမယ့် ''''ဟိုတနေ့က ငါပြောမိတဲ့စကားကြောင့်လား ဟင်''
သူမ ခေါင်းညိတ်ပြလိုက်စဉ် Baekhyun
က ခြေဆင်းထိုင်ရာမှ ဒူးခေါင်းနှစ်ဖက်ကို
ကွေးပြီး လက်နဲ့ထိန်းကိုင်ရင်း
သူမဖက်သို့ မျက်နှာလှည့်လာသည်ပြုံးလိုက်ရင်သိပ်လှတာပဲဆိုတဲ့ သူ့နှုတ်ခမ်းပါးတွေမှာ ပြုံးရယ်လိုတဲ့အရိပ်အရောင်တွေ တခုမှ ရှိမနေတာကို အတိုင်းသားမြင်နေ
ရသည်''ငါလက်ထပ်ဖြစ်မှာ မဟုတ်ပါဘူး
အဲ့မိန်းကလေးကိုလဲ ငါမချစ်ဘူး
Appa ဘယ်လောက်ပဲ တွန်းအားပေးနေနေ
ငါ့ဆန္ဒမပါဘဲ လုပ်လို့မရပါဘူး
ပြီးတော့ ..."သူ့စကားသံရပ်တန့်သွားချိန် ခဏလေးမှာ Sohee ရင်ထဲ စည်းချက်မညီစွာ ခုန်နေခဲ့သော အကောင်ငယ်လေးမှာ
တဒုတ်ဒုတ် ခုန်ဖို့ တောင်မေ့သွားရသည်''နင့်ကိုပဲ တစ်သက်လုံးချစ်သွားချင်တယ်
သူငယ်ချင်းတယောက်အနေနဲ့ပေါ့
ချစ်သူရည်းစားဆိုတာ
အမှားသေးသေးလေးတခုကစပြီး
ထိလွယ်ရှလွယ် ပြတ်တောက်လွယ်တယ်လေ
သူငယ်ချင်းတွေကျတော့
သေတဲ့အထိခင်နေလို့ရတယ်
အဖြူရောင် သံယောဇဉ်ဆိုတာ
ဘယ်တော့မှပြတ်မှာမဟုတ်ဘူး ''
YOU ARE READING
Forgiveness (용서) Zgi + Uni 🌷( COMPLETED )
Fanfictionအချစ်ထက်ပိုပါတယ် Yeol ကျနော့်ကို အချစ်နဲ့ အမုန်းတွေအချိုးအစားမကျတကျ ရောမွှေပြီးပေးခဲ့တာအားလုံးကို ကျနော်တခုမှ မငြင်းပဲ လက်ခံလိုက်တဲ့အခါ ယောလ်စိတ်ထဲက နာကျည်းမှုတွေ နဲနဲလောက်ပဲဖြစ်ဖြစ်သက်သာသွားမယ်ဆိုရင် ဒီကောင့်ရင်ထဲက မီးတောက်မီးလျှံတွေကြားမှာတောင် ဆာကူ...