" အူဝဲးးး ..အူဝဲးးး "
" အေးပါ..သမီးလေးရယ်...
လေးလေးဆူး ရှိတယ်လေနော်...
ဗိုက်ဆာလို့လားဟင်။
ဆာလို့နဲ့တူတယ်...Jongin ရေ...
နို့ဗူးဖျော်ဦး "" အင်း..လာပြီ ..ခုလာပြီ သမီးရေ..
ခနလေးစောင့်နော် အယ်ရီလေး "ကလေးငိုသံနဲ့ ဆူဆူညံညံစကားပြောသံတွေကြောင့် အိပ်နေရာက Baekhyun နိုးလာသည်။ ခပ်သွက်သွက်ပြေးသွားသည့်ခြေသံရဲ့အဆုံးမှာ ဗူးသံခွက်သံတွေကြားရပုံပေါ်ရင်တော့ အယ်ရီလေးအတွက် နို့ဗူးဖျော်နေတာပဲဖြစ်လိမ့်မယ်..
Kyungsoo နဲ့ Jongin sshi က ဒီ ငါးရက်လောက် အတွင်းမှာ သမီးနဲ့ ပတ်သက်တာအကုန်လုပ်ပေးနိုင်တဲ့အထိ ကျွမ်းကျင်လာကြပေမယ့် သူ့ မှာတော့ မမြင်မစမ်းနဲ့မို့ သမီးလေး ခြေတောက်လက်တောက်လေးတွေ ထိခိုက်နာကျင်သွားမှာစိုးပြီး တခါတလေ ပွေ့ပိုက်ထားဖို့တောင် မဝံ့ရဲတဲ့ဘဝ...
သူ့ စိတ်ထဲမှာ မှတ်မိချင်တာတွေအများကြီးရှိပေမယ့် တခုမှပြန်အစဖော်လို့မရ...အတိတ်တွေအားလုံးမေ့သွားပြီလားဆိုတာမျိုးလည်း မဟုတ်..အနည်းအကျဉ်းသတိရနေသေးသည့် ငယ်ဘဝမှာ မိဘနှစ်ပါးရဲ့အကြောင်းတွေသာ သူကောင်းကောင်းမှတ်မိတော့သည်။
အချစ်ဆုံးသူငယ်ချင်းများဖြစ်ကြသော Kyungsoo နဲ့ Jongin ဆိုသူတွေက သူ့အာရုံထဲမှာ ရေးတေးတေးပဲ ထင်ကျန်နေခဲ့သည်။ Appa မဆုံးခင် သူလက်ထပ်ထားတဲ့အကြောင်းတွေ၊ ခင်ပွန်းဖြစ်သူ Chanyeol ဆိုသူနဲ့ အခုမှရက်ပိုင်းပဲရှိသေးသည့် သမီးလေးအယ်ရီကို မွေးဖွားထားရခြင်းတွေကို ပြန်ပြောင်းစဉ်းစားလိုက်တိုင်း ခေါင်းထဲမှာကိုက်ခဲလာတာမို့ ပြန်အစဖော်ဖို့ ခက်ခဲလွန်းနေသည်။
Jongin အဖေ စိတ်ရောဂါကု ဆရာဝန်ကြီးကတော့ မွေးဖွားခါနီးမှာ အရမ်းနာကျင်တဲ့ဝေဒနာခံစားလိုက်ရလို့ နဂိုမကောင်းခဲ့တဲ့ စိတ်အခြေအနေတွေ ပရမ်းပတာဖြစ်သွားပုံပေါ်တယ်လို့ ပြောသည်။ နောက်ပိုင်းတဖြည်းဖြည်းပြန်သတိရလာဖို့ စိတ်ကုထုံးဆိုတာတွေခံယူရမယ်တဲ့။ ဘာတွေမှန်းမသိပေယ့် သူလက်ခံဖို့ကလွဲပြီး ရွေးချယ်စရာနည်းလမ်းမှမရှိတာလေ။ လူကလည်း မျက်စိနှစ်ကွင်းလုံး အလင်းကွယ်နေတဲ့သူမဟုတ်လား။ ပြောတဲ့အတိုင်း လိုက်လုပ်ရုံ၊ သူများ အားကိုးရုံကလွဲပြီး ဘာများတတ်နိုင်ဦးမှာလဲ။
YOU ARE READING
Forgiveness (용서) Zgi + Uni 🌷( COMPLETED )
Fanfictionအချစ်ထက်ပိုပါတယ် Yeol ကျနော့်ကို အချစ်နဲ့ အမုန်းတွေအချိုးအစားမကျတကျ ရောမွှေပြီးပေးခဲ့တာအားလုံးကို ကျနော်တခုမှ မငြင်းပဲ လက်ခံလိုက်တဲ့အခါ ယောလ်စိတ်ထဲက နာကျည်းမှုတွေ နဲနဲလောက်ပဲဖြစ်ဖြစ်သက်သာသွားမယ်ဆိုရင် ဒီကောင့်ရင်ထဲက မီးတောက်မီးလျှံတွေကြားမှာတောင် ဆာကူ...