Forgiveness 🌷
.
.
.Do Kyungsoo တယောက်ကတော့ဖြင့်
တသက်နဲ့တကိုယ် တခါမှမလုပ်ဖူးတာတွေကို
စတင်၍လုပ်ခါနီးနေပြီမို့
ဒီနေ့ညနေကစပြီး ရင်တွေပန်းတွေ
တလှပ်လှပ် ခုန်နေရသည်ရပ်ထားတဲ့ ကားအဖြူလေးထဲက
ကားမောင်းသူနေရာမှာထိုင်နေတဲ့
ချစ်ရသူ Jonginရဲ့ အရည်လဲ့နေသော
မျက်လုံးလေးနှစ်လုံးက ကိုယ့်ကို
မျက်တောင်မခတ်စတမ်းပင်
ရွှန်းရွှန်းစားစား ကြည့်နေတာကြောင့်
EDM စတိတ်စင်ရှေ့မှာ
Firework တွေ တဖုန်းဖုန်း
ထပေါက်နေသလို
ကိုယ့်ရင်ထဲ တအုန်းအုန်းဖြစ်နေရတယ်ဆိုတာ
ရာနှုန်းပြည့် သေချာနေပါပြီ'' အခုပဲ စလိုက်ကြမလား အသည်းလေး... ''
Jongin ရဲ့ ခပ်တိုးတိုးလေသံအဆုံးမှာ
ကျနော့လက်တွေကို ကျနော်မသိတဲ့
တစုံတရာက ညှို့ယူခိုင်းစေနေတာမို့
ကား Dashboard ထဲမှ ပစ္စည်းလေးတခုကို
ခပ်ဖြည်းဖြည်းသာ ထုတ်ယူနေလိုက်သည်''Jongin na...ငါတို့ဒီည...မလုပ်...အ့''
စကားပြောလို့တောင်မပြီးသေး
ကျနော့လက်ထဲမှ အရာလေးကို
ဖျတ်ခနဲဆွဲယူသွားပြီး
သူ့အောက်နှုတ်ခမ်းကို ကိုက်ထားကာ
တစိမ့်စိမ့်ကြည့်နေပြန်သည်''မင်း မလုပ်ချင်လဲ
ငါတယောက်ထဲလုပ်ရမှာပဲ ''''အဲလိုလုပ်လို့ ဘယ်ရမလဲကွ ...
မင်းပဲ ငါ့ကို အတူတူလိုက်ခဲ့ဆို !!! ''''ရှူး...တိုးတိုးပြောပါကွ
သူများတွေ သိကုန်တော့မှာပဲ ''''ငါလဲ...လုပ်ချင်...တယ်...ဆို ''
သူ့ကိုမျက်စောင်းတွေ တသီတတန်းကြီး
ပစ်ကျွေးလိုက်နေရင်းနဲ့ပဲ
သူ့လက်ထဲက အရာလေးကိုလဲ
ကိုယ့်မှာရှိသလောက်အင်အားလေးကိုသုံးပြီး
ပြန်လုနေမိသည်''အေးကွာ...တယောက်တခုယူမယ်ကွာ
မလုနဲ့တော့ ...ရော့ !''သူပေးတဲ့ နားကျပ်တဖက်ကို
နားမှာသာ ကောက်တပ်နေရင်းနဲ့ပဲ
ကျနော့ နှုတ်ခမ်းကစူနေတုန်းဟုတ်တယ်လေ ခိုးကြောင်ခိုးဝှက်တွေ
လုပ်နေကြတာဆိုတော့
ရှက်တာကရှက်တာပဲ
ဟိုကောင် Chanyeol က ညကျ Baekhyun ကို ဘာတွေလာပြောမလဲ
ဆိုတာတော့ သိချင်သား

YOU ARE READING
Forgiveness (용서) Zgi + Uni 🌷( COMPLETED )
Fanfictionအချစ်ထက်ပိုပါတယ် Yeol ကျနော့်ကို အချစ်နဲ့ အမုန်းတွေအချိုးအစားမကျတကျ ရောမွှေပြီးပေးခဲ့တာအားလုံးကို ကျနော်တခုမှ မငြင်းပဲ လက်ခံလိုက်တဲ့အခါ ယောလ်စိတ်ထဲက နာကျည်းမှုတွေ နဲနဲလောက်ပဲဖြစ်ဖြစ်သက်သာသွားမယ်ဆိုရင် ဒီကောင့်ရင်ထဲက မီးတောက်မီးလျှံတွေကြားမှာတောင် ဆာကူ...