အထပ်ထပ်ရစ်ပတ်ထားတဲ့ ပတ်တီးတွေဖြည်ချနေစဉ်မှာ အလှုပ်ခတ်ရဆုံးသော နှလုံးသားက ပင်ပန်းလာတာမို့ ဘေးက အိပ်ရာခင်းစကို ခပ်တင်းတင်းဆုပ်ဆွဲမိလိုက်သည်။
ပိတ်ထားတဲ့မျက်ခွံတွေပေါ်မှာ ကာရံထားသမျှတွေ တခုမှ မရှိတော့တဲ့အခါ ကျနော် လုပ်နိုင်တာက ဆုတောင်းဖို့ပါပဲ။
~ ကျေးဇူးပြုပြီး...
ကျနော်တို့နှစ်ယောက် ကျူးလွန်ထားခဲ့သမျှအပြစ်ကြွေးတွေကို ပယ်ဖျောက်ပေးပြီး မျက်စိအလင်းပြန်ရတဲ့ဘဝမှာ အသစ်တဖန်ရှင်သန်ခွင့်ပေးလှည့်ပါ ~~
" မျက်လုံးကို အတတ်နိုင်ဆုံးဖြည်းဖြည်းချင်း ဖွင့်ပါ "
မျက်စိ ဆရာဝန်ရဲ့ ညွန်ကြားချက်အတိုင်း အလင်းရောင်စူးခနဲဝင်လာမှာစိုးပြီး မျက်လုံးကို ခပ်ဖြည်းဖြည်း ဖွင့်သည်။ ခပ်ဝါးဝါး တိမ်တိုက်လိုအရိပ်တွေ ထပ်ဟပ်လာတဲ့အခါ အမြင်အာရုံရဲ့ တုံ့ပြန်သိနိုင်စွမ်းကို ကျနော် အမှတ်ရလာခဲ့ပါပြီ။
" ကျနော့ လက်ကို မြင်ရလား...
မမြင်ရသေးလည်း စိတ်မပူပါနဲ့။ ဒါမျိုးက ဖြစ်လေ့ဖြစ်ထရှိတာမို့... ရက်နည်းနည်းလောက်ထပ်ပြီး စောင့်ကြည့်ရုံပါ။ "" .... "
" မမြင်ရရင်တောင်မှ အလင်းလေး ဝင်လာတာမျိုးရော သတိထားမိလား "
အခန်းတခုလုံး အသက်ရှူသံမှမကြားရအောင် တိတ်ဆိတ်နေကြပြီး ကျနော့ နှုတ်ဖျားက ပွင့်ဟလာမည့်တခွန်းတည်းသော အဖြေကို အယောက်တိုင်း ငံ့လင်နေကြမည်မှာ မလွဲဧကန်ပင်။
" မြင်...ရတယ် "
" Ahhh !!! Yess !!!
ပျော်လိုက်တာကွာ... နောက်ဆုံးတော့...
သူ လုပ်နိုင်ခဲ့ပြီ...
တကယ်ပဲ...(sob) "" ပတ်ချန်းတို့ကတော့ ဝမ်းသာရမယ့်ကိစ္စကို လာငိုနေတယ်။ မင်း မျက်ခွက်ကြီးပြင်စမ်း "
ခေါင်းငုံ့ကာ ငိုရှိုက်နေသူရဲ့ ကျောပြင်ကို အတွင်းရေးမှူး Kim လို့ထင်ရတဲ့အသံကျယ်ကျယ်နဲ့လူက ပွတ်ပေးနေတဲ့အခါ မျက်လုံးလှလှနဲ့ ဆရာဝန်တယောက်က ခေါင်းတညိတ်ညိတ်လုပ်ပြီး ကျနော့ ဖက်ကို လှည့်ကြည့်နေခဲ့သည်။ သူ့ဘေးမှာ ရပ်နေတဲ့ Dr.Wu Yifan ကတော့ ချက်ချင်းဆိုသလို တဖက်လှည့်သွားသည်။ ဆရာလည်း ကျနော့အတွက် ဝမ်းသာလွန်းလို့ မျက်ရည်ကျနေခဲ့ပြီထင်ပါရဲ့။
YOU ARE READING
Forgiveness (용서) Zgi + Uni 🌷( COMPLETED )
Fanfictionအချစ်ထက်ပိုပါတယ် Yeol ကျနော့်ကို အချစ်နဲ့ အမုန်းတွေအချိုးအစားမကျတကျ ရောမွှေပြီးပေးခဲ့တာအားလုံးကို ကျနော်တခုမှ မငြင်းပဲ လက်ခံလိုက်တဲ့အခါ ယောလ်စိတ်ထဲက နာကျည်းမှုတွေ နဲနဲလောက်ပဲဖြစ်ဖြစ်သက်သာသွားမယ်ဆိုရင် ဒီကောင့်ရင်ထဲက မီးတောက်မီးလျှံတွေကြားမှာတောင် ဆာကူ...