Forgiveness 🌷
.
.
.
.
'' သြော်...
Chanyeol ရောက်နေတာလား ''''Nae ...CEO nim...ခနလေး မထနဲ့ဦး
ကျနော် လာထူပေးမယ် ''ဆေးရုံကုတင်ပေါ်မှာ ဖြူဖပ်ဖြူရော်နဲ့
အသက်ခပ်ပြင်းပြင်းရှူရင်း
အိပ်ပျော်နေရာကနေ နိုးလာတဲ့ Baekhyun ရဲ့ အဖေ
Byun Jisung ကို Chanyeol က
လက်မောင်းမှ ကိုင်ကာ ခပ်ဖြည်းဖြည်း
ထူမတ်ပေးလိုက်ရသည်Baekhyun လို မျက်ပေါက်ကျဉ်းကျဉ်း
မျက်လုံးမှေးမှေးလေးတွေက နေမကောင်း
ဖြစ်နေတဲ့အချိန်မှာတောင် ကြည်လင်သော
အရောင်မှိန်ဖျောဖျော့ကလေး တစ်ခု
ထွက်နေတာကို မြင်နေရသေးသည်'' သား...Baekhyun ရော''
'' ဒီနေ့ ဆရာ Yifan နဲ့ Psychotherapy
ကုသမှုခံယူဖို့ သွားပါတယ် CEO nim '''' သူဘာမှ သတိမရဘူးလား ''
Chanyeol တချက်သာပြုံးလိုက်ပြီး
ခေါင်းငြိမ့်ပြလိုက်သည်'' Accident မတိုင်ခင် အရင်ကဖြစ်ခဲ့တဲ့
သူမေ့ပစ်လိုက်ပြီးသားမှတ်ဥာဏ်တွေက
ပြန်ပေါ်မလာတော့ပါဘူး ''Light ထွက်သွားတဲ့ အချိန်မှာ
ဆိုးရွားတဲ့အတိတ်တွေအကုန်လုံးကို
သူနဲ့အတူယူသွားခဲ့ပါပြီအရင်ရက်တွေက အမျိုးမျိုးစမ်းသပ်စစ်ဆေး
အိပ်မွေ့ချတာတွေအထိ လုပ်ခဲ့ပေမယ့်
နောက်ဆုံးမှာတော့...
Baekhyun ဘာမှပြန်မမှတ်မိတော့တာကို အတည်ပြုလိုက်ရသည်ကောင်းတာကတော့ သူ့ငယ်ငယ်က
အဒေါ်ကိစ္စရယ် Accident ကိစ္စရယ်ကို
မေ့သွားတာဖြစ်ပေမယ့်မကောင်းတဲ့အချက်ကတော့ ငယ်ငယ်က
ကျနော်နဲ့ တွေ့ခဲ့တဲ့ အွန်းလေးဘဝကို
မမှတ်မိတော့တာပါဒါပေမယ့် သူနဲ့ကျနော့ကို အခုလက်ရှိ
အချိန်မှာ ဘယ်အရာကမှဝေးကွာသွားအာင်
မလုပ်နိုင်တော့ဘူးလို့ ယုံကြည်နေတာကြောင့်
ဖြစ်လာသမျှကိုအကောင်းဖက်ကနေပဲ
တွေးမြင်ကြည့်ရတော့မှာပေါ့လေဒါပေမယ့်...
အရာအားလုံးဟာ အကောင်းဖက်မှာ
အမြဲရှိမနေနိုင်ပါ...သူ့အဖေက အဆုတ်ကင်ဆာနောက်ဆုံး
အဆင့်ကို ရောက်နေပြီဆိုတာများသိလိုက်ရင်
သူထပ်ပြီးပြိုလဲ ကွဲကြေသွားမှာကိုလည်း
ကျနော် အရမ်းစိုးရိမ်မိနေသည်

VOCÊ ESTÁ LENDO
Forgiveness (용서) Zgi + Uni 🌷( COMPLETED )
Fanficအချစ်ထက်ပိုပါတယ် Yeol ကျနော့်ကို အချစ်နဲ့ အမုန်းတွေအချိုးအစားမကျတကျ ရောမွှေပြီးပေးခဲ့တာအားလုံးကို ကျနော်တခုမှ မငြင်းပဲ လက်ခံလိုက်တဲ့အခါ ယောလ်စိတ်ထဲက နာကျည်းမှုတွေ နဲနဲလောက်ပဲဖြစ်ဖြစ်သက်သာသွားမယ်ဆိုရင် ဒီကောင့်ရင်ထဲက မီးတောက်မီးလျှံတွေကြားမှာတောင် ဆာကူ...