Ten 🌷

3.2K 389 21
                                    

ဒီအပိုင်းကနေ + Warning စပါပြီလို့
သေးသေးလေးပါပဲ

(ဟယ် ... အကုန်ထွက်ပြေးကုန်ဘီ
ပြန်လာ ... ပြန်လာ 😁😁😁 )

••••••••••••••••••••••••••••••••
.
.
.
.
.
.
.

Forgiveness 🌷🌷🌷

''Light ရေ

မင်းဒီည မသွားနဲ့တော့
Sohee အတွက်ရော မင်းအတွက်ရော
အရမ်းအန္တရာယ်များလွန်းတယ်
ငါဖြစ်ချင်တာတခုအတွက်
ငါ့သူငယ်ချင်း ဘဝအပျက်မခံပါရစေနဲ့
ကျောင်းထွက်လိုက်ရလဲ အရေးမကြီးပါဘူး
ဖေဖေ့ လုပ်ငန်းတွေမှာ
ဝင်လုပ်စရာနေရာတွေအများကြီးပါ
ငါအဆင်ပြေမှာပါ ''

စာအုပ်ကလေးကို ပိတ်ချလိုက်ပြီးနာရီကို
ကြည့်မိတော့ ၈နာရီခွဲ

Baekhyun က မသွားနဲ့တဲ့

တကယ်တော့ မနေ့က Light ကြံစည်ထားတာက ဒီလို...

မနက်ပိုင်း Sohee နဲ့အတူ ကျောင်းမှာ
ပြဇာတ်တိုက်နေမယ့် Jongin ကို
ဖုန်းဆက်မယ် သူကနေတဆင့် ဖြစ်ကြောင်း
ကုန်စင်ကို Sohee ကိုပြောခိုင်းမယ်

Sohee တယောက်ခွင့်လွှတ်ပေးမယ်လို့
မျှော်လင့်ရတာပဲလေ

ညပိုင်း Club ရောက်လို့ Sohee ကို Light က ဖုန်းဆက်ခေါ်တဲ့အခါ Jongin က Sohee နောက်က
နောက်ယောင်ခံလိုက်လာပေးမယ်

စာရွက်တွေရပြီးရင် Light က
ထွက်ပြေးမယ် Sohee ကို
Jongin ကကယ်လာပြီး Car Parking မှာ
ပြန်တွေ့ကြမယ်
ကားပေါ်တက်ကြပြီး...အိမ်ပြန်ရောက်မယ်

အတွေးတွေထဲမှာတော့ ဖြစ်နိုင်ချေရှိပေမယ့်

ဒီPlan မှာ ဟာကွက်တွေ အများကြီးရှိတာကို
Light သိနေပါသည်

Club မှာရှိတဲ့ မင်ဝူးတို့အကိုလက်အောက်က
လူမိုက်တွေအားလုံးကို အလဲထိုးနိုင်ဖို့
ဖြစ်နိုင်ချေ 5% တောင်မရှိချင်တဲ့
Light နဲ့ Jongin က Sohee ကို
ကယ်လာဖို့ ဆိုတာရယ်

Light ရဲ့ဆေးစာရွက်တွေကို ဟိုကောင်တွေကမိတ္တူဘယ်နှစ်ခုပွားထားမှန်း မသိတာရယ်

ပြီးပြီလေ အကြံလဲကုန်ပြီ
Sohee ဘဝပဲ အပျက်ခံလား
Baekhyun ဘဝပဲ ရေစုန်မှာ
အမျောခံမလား
နှစ်ခုလုံးတော့ အဖြစ်မခံနိုင်ပါ

Forgiveness (용서) Zgi + Uni 🌷( COMPLETED )Tempat cerita menjadi hidup. Temukan sekarang