" Choi Jungwoo ဆုံးသွားပြီတဲ့..
Byun အိမ်တော်မှာ "" Borrr !!! "
.
အံအားသင့်မှုကြောင့် Luhan ရှေ့ကနှစ်ယောက်သားမှာ မျက်လုံးတွေဝိုင်းစက်ကုန်သည်။ Chanyeol လက်ထဲကိုင်ထားသည့် ပေါင်မုန့်တချပ်နဲ့ ချိစ်တပြားက စားပွဲပေါ် ပြုတ်ကျသွားတော့သည်။" ပြီးတော့ ခုလေးတင် Baekhyun က recording နှစ်ခုပို့ထားတယ်။ တခုက လွန်ခဲ့တဲ့ သုံးပတ်လောက်ကသွင်းထားတာ။ တခုက မနေ့ညက ... "
Luhan လက်ထဲကဖုန်းကိုဆွဲယူပြီး ခြေလှမ်းကျယ်ကြီးတွေနဲ့ ထွက်သွားသူနောက်က Sehun အပြေးလိုက်ရသည်။ Choi Jungwoo မသေခင်က သက်သေတခုများရလိုက်လို့ ပို့ပေးလိုက်တာလားဆိုပြီး သိချင်စိတ်တွေပြင်းပြလာရတော့သည်။
" အတူတူနားထောင်ရအောင်...Chanyeol...
ငါ့ကို ခနစောင့်ဦး "Sehun အိပ်ခန်းထဲဝင်ပြီးတဲ့နောက်မှာတော့ တံခါး သော့ခတ်ပြီးပြတင်းပေါက်တွေပါလိုက်ပိတ်လိုက်သည်။ TV ရှေ့ ကြမ်းပြင်ပေါ်အရုပ်ကြိုးပြတ်ထိုင်ချလိုက်တဲ့ Chanyeol က ဖုန်းကို soundbox နဲ့ ချိတ်ဆက်ရာမှာ စိတ်အလှုပ်ရှားလွန်ပြီး အပေါက်အလမ်းမတည့်တာမို့ Sehun ကပဲ ချိတ်ပေးလိုက်ရသည်။
.
.
." Anneyong....မတွေ့ရတာ ကြာပြီနော် ကိုကို
ဒီအခေါ်အဝေါ်လေးနဲ့တင် ကျနော် ဘယ်သူလဲဆိုတာ ကိုကို သိပြီးသားဖြစ်နေမှာပါ။
ဘယ်အချိန်ထဲကရောက်နေတာလဲဆိုရင်တော့ တလကျော်ပြီလို့ပြောရမှာပေါ့။ အယ်ရီလေး ဆယ့်ငါးရက်ရကတည်းက ဘာတွေပဲဖြစ်လာဖြစ်လာ ကျနော်တယောက်တည်း ခါးစည်းခံပေတော့ ဆိုပြီး တာဝန်အကြီးကြီးပေးလို့ Baekhyun တယောက် ခနအနားယူသွားတာပါပဲ။ "
လွန်ခဲ့တဲ့ သုံးပတ်က Recording ကို နားထောင်နေရင်း မချိတင်ကဲဖြစ်ကာ အံကျိတ်လိုက်၊ မျက်ရည်တွေ လိမ့်ဆင်းလိုက်နဲ့ နာကျင်နေရသူကို Sehun အပြစ်မမြင်ရက်ပါ။ Light ကို ပြန်မတွေ့ချင်ပေမယ့် သူ့အဖြစ်ကြောင့် သနားရသလို Chanyeol နဲ့ Baekhyun အတွက်လည်း ရင်ထဲမှာ အလုံးကြီးတခုတစ်ဆို့နေသလို နာကျင်ခံပြင်းရပါသည်။
Light ပြောတဲ့စကားတွေလည်း မှန်နေတာပါပဲ။ အားအင်ဖျော့တော့နေတဲ့ Baekhyun နေရာမှာ မဝင်မဖြစ် ဝင်လာပေးသူဟာ သူ့ကို နည်းအမျိုးမျိုးနဲ့ နှင်ထုတ်ခဲ့တဲ့ Chanyeol ကို အပြစ်မမြင်ပဲ လွတ်မြောက်သွားအောင် ကြံဆောင်ပေးဦးမယ်တဲ့။ သူ့ အကြံအစည်အောင်မြင်လား မမြင်လားကို ဒီမနက်တင် သေမင်းနောက်လိုက်သွားပြီဖြစ်တဲ့ Choi Jungwoo က သက်သေပြနေခဲ့ပြီပဲ။
YOU ARE READING
Forgiveness (용서) Zgi + Uni 🌷( COMPLETED )
Fanfictionအချစ်ထက်ပိုပါတယ် Yeol ကျနော့်ကို အချစ်နဲ့ အမုန်းတွေအချိုးအစားမကျတကျ ရောမွှေပြီးပေးခဲ့တာအားလုံးကို ကျနော်တခုမှ မငြင်းပဲ လက်ခံလိုက်တဲ့အခါ ယောလ်စိတ်ထဲက နာကျည်းမှုတွေ နဲနဲလောက်ပဲဖြစ်ဖြစ်သက်သာသွားမယ်ဆိုရင် ဒီကောင့်ရင်ထဲက မီးတောက်မီးလျှံတွေကြားမှာတောင် ဆာကူ...