Forgiveness 🌷
Fifteen years ago ( 2000 June)
''မိုးတွေကဘာလို့ရွာတာလဲ''
''ဖားတွေအော်လို့''
''ဖားတွေက ဘာလို့အော်တာလဲဟင် ''
''မင်းတော်တော် အမေးအမြန်းထူတာပဲ
ဘာဖြစ်လို့အော်အော်ပေါ့ ''''အီး...ဟီးး မေမေ ရေ့ !!!"
ဆိတ်ငြိမ်ရပ်ကွက်ထဲက ကစားကွင်းလေး
တဝိုက်မှာ လူတကာ လက်ဖျားခါရ
လောက်အောင်အသံအောင်လှတဲ့
ကလေးလေးတယောက်ရဲ့
စူးစူးဝါးဝါး ငိုရှိုက်သံတွေက
မိုးတွေတဝေါဝေါ ရွာနေတဲ့ကြားထဲမှာတောင်
ထွက်ပြေးချင်စရာကောင်းလောက်အောင်ကို
ဟိန်းထွက်လာခဲ့သည်။''ဟာ ... ဘာလို့ငိုနေတာလဲကွာ ငါတော့
ရူးချင်တာပဲ မင်းကိုအိမ်ပြန်ပို့ပါမယ်ဆိုမှ
မိုးတွေကလဲ မစဲနိုင်တော့ဘူး ''''အွန်းလေး ...ဟင့်... အိမ်မပြန်ချင်ဘူး
ကိုကို''ကလေးစီးတဲ့လျှောအကြီးစားတစ်ခုပေါ်က
အမိုးသေးသေးလေးအောက်မှာ မိုးစိုမှာ
စိုးလို့ပူးကပ်ထိုင်နေကြတဲ့ ကောင်လေး
နှစ်ယောက်ထဲက လူကောင်ပိုကြီးတဲ့
ကောင်လေးကမျက်ခုံးနှစ်ဖက်ကို
တွန့်ချိုးရင်း သူ့ဘေးမှာထိုင်နေတဲ့
ကလေး ဝတုတ်လေးကို
ခပ်စူးစူးပြန်ကြည့်လိုက်သည်''ငါ့ကို ဘယ်လိုခေါ်လိုက်တာ ...''
''ကိုကိုလို့ ခေါ်တာလေ အွန်းလေးထက်
ပိုကြီးတာ ဟုတ်ဖူးလား ...
ဟင့် ~ ချမ်း... ချမ်းလိုက်တာနော်''Chanyeol တယောက်
ဘာဆက်ပြောရမလဲ မသိဘဲ ဆွံ့အနေစဉ်
အငိုတဝက်နဲ့ကလေးလေးက
သူ့ပေါင်ပေါ်ကို သူ့အိမ်သူ့ယာက
ဆိုဖာခုံကြီးများမှတ်နေလားမသိ
ပိုင်စိုးပိုင်နင်းနဲ့ တက်ထိုင်လိုက်ပြီးပြီ''အွန်းလေးမေမေကပြောတယ်
ကိုယ့်ထက်အသက်ကြီးတဲ့သူတွေကို
ကိုကို မမ ဦးဦး အန်တီ လို့ခေါ်ရမယ်တဲ့''လွယ်အိတ်သေးသေးလေးကိုပိုက်ရင်း
သူ့ရင်ထဲမှာခေါင်းကလေးမှေးပြီး
ချစ်စဖွယ်စကားဆိုလာသော
ကလေးလေး၏ ပန်းနုရောင်
ပါးပြင်လေးပေါ်က မျက်ရည်စတွေက
သိပ်မခြောက်တတ်သေး
YOU ARE READING
Forgiveness (용서) Zgi + Uni 🌷( COMPLETED )
Fanfictionအချစ်ထက်ပိုပါတယ် Yeol ကျနော့်ကို အချစ်နဲ့ အမုန်းတွေအချိုးအစားမကျတကျ ရောမွှေပြီးပေးခဲ့တာအားလုံးကို ကျနော်တခုမှ မငြင်းပဲ လက်ခံလိုက်တဲ့အခါ ယောလ်စိတ်ထဲက နာကျည်းမှုတွေ နဲနဲလောက်ပဲဖြစ်ဖြစ်သက်သာသွားမယ်ဆိုရင် ဒီကောင့်ရင်ထဲက မီးတောက်မီးလျှံတွေကြားမှာတောင် ဆာကူ...