Forgiveness 🌷
.
.
.
.
.
.''Light ရေ
ဒီည အိမ်စာ ၂ဘာသာလုပ်ဖို့ရှိတယ်
မနက်က သေချာတော့ နားထောင်ထားတာမို့
မင်း ရေးတတ်မှာပါ
မရေးတတ်ရင် Jongin ကို
ဖုန်းဆက်မေးနော်
ညကျစောစောအိပ်ပေး
မနက်ဖြန် သန့်ရှင်းရေးဂျူတီမို့
ကျောင်းစောစောသွားရမှာ ''''Baekhyun ရေ
အိမ်စာတွေအကုန်ပြီးသွားလို့ အိပ်တော့မယ်
အဟဲ ငါလိမ်မာတယ်မလား
ဆုချတဲ့အနေနဲ့
မနက်ဖြန် ညကျရင်
ချိစ် ပီဇာစားချင်တယ်လို့
ဖေဖေ့ကိုပြောပေး
ငါသွားပြောမလို့ကို ဖေဖေက
အိပ်ပျော်သွားလို့ဒါနဲ့လေ
မနက်ကမင်းကို ချောကလက်လာပေးတဲ့
ဆံပင်အညိုရောင်နဲ့ ကောင်မလေးလေ
ချစ်စရာကောင်းလွန်းလို့
မင်းမတွဲချင်ဘူးလား
ငါတော့ သဘောကျတယ်လို့
မင်းသိအောင်ပြောတာ
ဒါပဲ အိပ်ပြီ ''🌷🌷🌷
''Light ရေ
ကျေးဇူးပြုပြီးဘယ်သူ့ကိုမှ
မတွဲခိုင်း မချစ်ခိုင်း ပါနဲ့လားကွာကိုကို တယောက်ကလွဲလို့
ဘယ်သူ့ကိုမှ ရင်မခုန်တော့တာကို
ငါတို့နှစ်ယောက်လုံးသိနေတာပဲလေဒီနေ့တော့အိမ်စာမပါဘူး
မင်းအတွက်တော့ ပီဇာမှာပေးထားတယ်
များများစားနော်''''Baekhyun ရယ်
ကိုကိုက ဘယ်ရောက်လို့
ဘယ်ပေါက်နေမှန်းတောင် မသိပဲနဲ့
ငါတို့က စောင့်နေရဦးမှာလားငါတို့မှတ်မိတာ နှစ်ခုက
ယောလ်ဆိုတဲ့နာမည်တစ်လုံးရယ်
အဖြူနဲ့အမဲစပ်ထားတဲ့
လက်ပတ်ကြိုးလေးတကွင်းရယ်ပဲလေ''ု
*****************************(2013 January )
~Seoul University of Medicine~
''ဒီနေ့ သင်မယ့်အထဲက Dissociated Personality Disorder ဆိုတာကို
ဘယ်သူကြားဖူးလဲ''Professor Wu Yifan ရဲ့
မေးခွန်းအဆုံးမှာ အယောက်
၂၀လောက်ရှိတဲ့ ဆေးကျောင်းသား
အုပ်စုကြီး၏ မျက်လုံးပေါင်း
အလုံးလေးဆယ်က အပြူးသားအဲ့မျက်လုံးလေးဆယ်ထဲက တလုံးမှတော့
ဆရာ့မျက်နှာပေါ် ကြည့်မနေသည်မှာ
ထူးခြားဖြစ်စဉ်တခုမဟုတ်
YOU ARE READING
Forgiveness (용서) Zgi + Uni 🌷( COMPLETED )
Fanfictionအချစ်ထက်ပိုပါတယ် Yeol ကျနော့်ကို အချစ်နဲ့ အမုန်းတွေအချိုးအစားမကျတကျ ရောမွှေပြီးပေးခဲ့တာအားလုံးကို ကျနော်တခုမှ မငြင်းပဲ လက်ခံလိုက်တဲ့အခါ ယောလ်စိတ်ထဲက နာကျည်းမှုတွေ နဲနဲလောက်ပဲဖြစ်ဖြစ်သက်သာသွားမယ်ဆိုရင် ဒီကောင့်ရင်ထဲက မီးတောက်မီးလျှံတွေကြားမှာတောင် ဆာကူ...