Forgiveness 🌷
.
.
.
.
မနက်ပိုင်း Wedding ဝတ်စုံတွေ
သွားအပ်ပြီးပြန်လာတဲ့အချိန်...
Company ကခေါ်လို့ Chanyeol
ထွက်သွားပြီးချိန်မှာ Baekhyunရဲ့
စိတ်ထဲမှာနေရာယူလာတာက
Park Family အကြောင်း...Baekhyun ရဲ့ ဘဝနောက်ကြောင်းတွေကို Yeol အကုန်သိထားပေမယ့်
သူ့အကြောင်းက ဆရာဝန်ဘွဲ့ရထားပြီး
ဆေးရုံမှာ အလုပ်ဝင်ထားတယ်ဆိုတာလေး
တခုပဲသိရတာ...သူငယ်ချင်းတွေနဲ့တော့ မိတ်ဆက်ပေးခဲ့
ပေမယ့် မိသားစုဆွေမျိုးတွေနဲ့လည်း
မိတ်ဆက်ပေးသင့်သည် မဟုတ်ပါလားဘယ်လောက်ပဲ သဘောမတူတာဖြစ်ဖြစ်
အမေနဲ့ညီမအကြောင်း ရေငုံနှုတ်ပိတ်နေတဲ့
သူ့ကြောင့် Baekhyun အားမလို
အားမရဖြစ်မိသည်သဘောမတူဘူးဆိုတဲ့အခါမှာလည်း
အကြောင်းပြချက်ကောင်းကောင်း
မပေးနိုင်တာမို့ ချစ်လှစွာသော Park Chaneyol သည် Byun Baekhyun
အတွက်သံသယဖြစ်စရာလူ တယောက်
အဖြစ်သို့ ကူးပြောင်းသွားခဲ့ပြီစဉ်းစားစရာတွေပြည့်သိပ်နေတာကြောင့် Appa အခန်းထဲမှာ အိမ်တော်ထိန်း
Kim နဲ့စကားစမြည်ပြောနေရင်းကနေ
အကြံတခုရလာတာနဲ့ Kim ကို
အပြင်ထွက်ခိုင်းပြီးကိုယ့်အကြံအစည်ကို
ချက်ချင်းပင် အကောင်အထည်
ဖော်လိုက်တော့သည်ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကို
ထုတ်လိုက်ပြီးဆေးရုံမှာ Kyungsoo နဲ့
သေချာလေ့ကျင့်ထားတဲ့အတိုင်း Voice Command ကို သုံးပြီး ဖုန်းဆက်ရမယ်'' Dial...Xiao Luhan ''
မနေ့က Concert မှာ မမျှော်လင့်ဘဲ
ပြန်တွေ့ခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက်ဟာ
London မှာ နေတုန်းက ခနတာ
ခင်မင်ခဲ့ရတဲ့ Xiao Luhan
ဖြစ်နေတာကို သိခဲ့ရသည်ကိုယ်ကတော့ သူ့ကို ဘယ်မြင်ရပါ့မလဲ...
Luhan ရဲ့ချစ်သူက Yeol သူငယ်ချင်း Sehunဖြစ်နေတာကြောင့်
ကိုယ်သီချင်းဆိုတာကို အတူတူ
လာကြည့်ကြရင်းနဲ့ ကျနော့ကို
သူငယ်ငယ်ကခင်ခဲ့တဲ့
Baekhyun မှန်းမှတ်မိသွားပြီး
လာမိတ်ဆက်ရင်း ဖုန်းနံပါတ်ပေးခဲ့တာ...သူတို့ သားအဖနာမည်ကြားမိရုံနဲ့
ကိုရီးယားတနိုင်ငံလုံးသာမက
တရုတ်ပြည်နဲ့ US အထိပါ စီးပွားရေး
လုပ်ငန်းကြီးတွေနဲ့ခြေကုပ်ယူထားတဲ့
သူတွေမှန်း Baekhyun တန်းသိ
လိုက်တဲ့အခါ ဘာကိစ္စပဲရှိရှိ
သူ့ကို အကူအညီတောင်းဖို့ Luhanက
အထပ်ထပ်ပြောခဲ့သည်။.
YOU ARE READING
Forgiveness (용서) Zgi + Uni 🌷( COMPLETED )
Fanfictionအချစ်ထက်ပိုပါတယ် Yeol ကျနော့်ကို အချစ်နဲ့ အမုန်းတွေအချိုးအစားမကျတကျ ရောမွှေပြီးပေးခဲ့တာအားလုံးကို ကျနော်တခုမှ မငြင်းပဲ လက်ခံလိုက်တဲ့အခါ ယောလ်စိတ်ထဲက နာကျည်းမှုတွေ နဲနဲလောက်ပဲဖြစ်ဖြစ်သက်သာသွားမယ်ဆိုရင် ဒီကောင့်ရင်ထဲက မီးတောက်မီးလျှံတွေကြားမှာတောင် ဆာကူ...