Nine 🌷

3.2K 409 16
                                    

Forgiveness 🌷

Light အပေါ် တစက်ကလေးမှ
ကောင်းကျိုးမပေးသော လောကကြီးသည်
ဒီတစ်ညနေလေး အတွင်းမှာပင်
ငလျင်အကြီးကြီးလှုပ်လိုက်သလို
သွက်သွက်ခါအောင် လည်ထွက်သွားခဲ့သည်

လည်ရုံတင်မကဘူး လူတွေနေရာတွေ
ရှိသမျှအရာတွေ အကုန်လွဲကုန်တာ

ပထမဦးဆုံး အလွဲက နိုးလာတဲ့အချိန်မှာ
လူက အိမ်မှာရှိမနေဘဲ ဆေးရုံမှာ
ငုတ်တုတ်ကြီးထိုင်နေတာ

ဒုတိယအလွဲက ကိုယ်နဲ့မသိတဲ့
လူတယောက်က ကိုယ့်ဘေးမှာထိုင်ပြီး
ကိုယ့်ကို စကားတွေလာပြောနေတဲ့ အခါ
ကိုယ့်ဖက်က သူ့အကြောင်း
ဘာမှပြန်စဉ်းစားလို့မရတော့တာ

တကယ်တော့ Light မရောက်လာခင်လေးမှာ
Baekhyun ဘာတွေဖြစ်ခဲ့သလဲဆိုတာ
ပြန်သတိရနိုင်ဖို့က
အချိန်နဲနဲတော့လိုတာမို့ ဘေးကလူရဲ့
စကားကို အလိုက်အထိုက်ပြန်ပြောရင်း
''ခေါင်းမူးနေလို့ တယောက်ထဲနေပါရစေ ''
ဆိုပြီး သူ့ကို အဝေးသို့နှင်လိုက်သည်

နောက်မှတဖြည်းဖြည်းသိလာတာက
၃လတကြိမ်ဆိုသလို
သွေးစစ်ဖို့နဲ့ ရက်ချိန်းလာပြဖို့
ဆေးရုံကိုရောက်နေတာဆိုတာရယ်

ခုနတယောက်လာပြောနေတာက
Sohee အကြောင်းတွေဆိုတာရယ်ကို
မှတ်မိလာသည်

သူ့နာမည်တော့မမှတ်မိ

ကိစ္စမရှိပါဘူးလေ မနက်ကျမှ Baekhyun တယောက် သူ့ဘာသာ ဖြေရှင်းလိမ့်မယ်

ငဘတ်ကောင် ဘာမပြောညာမပြောနဲ့
လူကို ဆေးရုံထဲပို့ထားတာပဲ ဒင်းအရှုပ်
ဒင်းပဲရှင်းပလေစေပေါ့

ဆရာနဲ့တွေ့တော့ ထုံးစံအတိုင်းမေးမြန်း
စစ်ဆေးသမှု ပြုပြီးသကာလ သွေးအဖြေတွေ
ကြည့်တယ် ဆေးမှတ်တမ်းတွေရေးတယ်
သူပေးတဲ့ စာရွက်တွေယူတယ် လွယ်အိတ်ထဲ
ထည့်တယ် ပြီးတော့ elevator ကပျက်နေတယ်ဆိုလို့ လှေကားကနေပဲ ဆင်းလာတယ်

အဲ့အချိန်ထိ အကုန်လုံး အဆင်ပြေချောမွေ့လို့

လှေကားပေါ်က ဆင်းလာတုန်းကျမှ
အနောက်ကနေ ရုတ်တရက်ကြီး
လွယ်အိတ်အလုခံလိုက်ရတာပဲ

လုသွားတာကလဲ ၂ယောက်တောင်
လူကောင်အကြီးကြီး တွေ gangster
စတိုင်တွေမို့ ကိုယ်ကလဲ ပြန်မလုပ်ရဲ

Forgiveness (용서) Zgi + Uni 🌷( COMPLETED )Onde histórias criam vida. Descubra agora